Connect with us

Hi, what are you looking for?

News

ထီးချိုင့် ကြက်တကောင်ရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် ၂၀ကျော်သေ၊ PDF ရဲ​ဘော် ​လေးဦးကျဆုံး

တိုက်ပွဲမှာ လေးနာရီ ကျော် ကြာမြင့်ခဲ့ပြီး ကျဆုံးရဲဘော်လေးဦးမှာ ပြန်လည်ဆုတ်ခွာရာ လမ်းကြောင်း၌ အသက်ပေးခဲ့ရခြင်းဖြစ်သည်ဟု ၎င်းက ဆက်​ပြောသည်။

(ထီးချိုင့် PDF ရဲ​ဘော်များကို ​ရှေ့တန်းတစ်​နေရာ၌ ​ တွေ့ရစဥ် ။ ဓါတ်ပုံ- Fox Army)

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် ကြက်တကောင်ရွာတိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် များသေဆုံးထိခိုက်မှုများပြီး ​ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ​လေးဦးကျဆုံးခဲ့ကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“မတ်လ ၁၆ ရက် မနက် ၆ နာရီ မတိုင်ခင်ကစခ ဘက်ကနေ ကျွန်တော်တို့အခေါ် ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းပေါ့။ကြက်တကောင်ရွာဘက်ကနေစစ်ကြောင်းထိုးလာတာ။အင်အား က ၂၀၀ လောက်ရှိတယ်။ကျွန်တော်တို့က စောင့်တိုက်တာပေါ့။ဒါကြောင့် သူတို့ဘက်က အသေအပျောက်များတာ။ဒဏ်ရာရတဲ့သူတွေလည်း မနည်းဘူး”ဟု ထီးချိုင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ပြောသည်။

တိုက်ပွဲမှာ လေးနာရီ ကျော် ကြာမြင့်ခဲ့ပြီး ကျဆုံးရဲဘော်လေးဦးမှာ ပြန်လည်ဆုတ်ခွာရာ လမ်းကြောင်း၌ အသက်ပေးခဲ့ရခြင်းဖြစ်သည်ဟု ၎င်းက ဆက်​ပြောသည်။

“တိုက်ပွဲမှာ ကျတာ မဟုတ်ဘူးဗျ။ပြန်ဆုတ်တဲ့အချိန် နိုင်ပြီး ဆိုပြီ ။အေးအေးဆေးဆေးနဲ့ ပြန်ထွက်လာတဲ့အချိန်မှာ စခ ကင်းပုန်းနဲ့တိုးတာ။အော်တို လက်နက်နှစ်လက်နဲ့အတူ ကျဆုံးခဲ့ရတယ်”ဟု အထက်ပါတပ်ဖွဲ့ဝင်ကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

မတ်လ ၁၆ရက်က ကြက်တကောင်ရွာမှ အင်ဒေါင်းရွာသို့ လက်နက်ကြီး ပစ်ခတ်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် နံနက် ၆နာရီမှ စတင်၍ တိုက်ပွဲဖြစ်ခဲ့ရာ နံနက်၁၀နာရီခွဲအချိန်တွင် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားကြောင်း ထီးချိုင့်မြို့နယ်အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော Fox Army- HPDF က ယနေ့ သတင်းထုတ်ပြန်သည်။

ယင်းတိုက်ပွဲ၌စစ်ကောင်စီတပ်ဖွဲ့ဝင်၂၄ဦးသေဆုံးပြီတပ်ကြပ်အပါအဝင် ​ခြောက်ဦး ဒဏ်ရာရခဲ့ကြောင်း၊ သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းကို တိုက်ပွဲဖြစ်ရာအနီးရှိ တဲတစ်လုံး၌ မီးရှို့ထားခဲ့ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သားများမှာ တုံလုံ ကျေးရွာတွင် တပ်စွဲထားပြီး အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားနိုင်ကြောင်း ထီးချိုင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက အသိပေးသည်။

ထို့ကြောင့် ထီးချိုင့် မြို့နယ်အပိုင် လမ်းပိုင်းများကို နံနက်(၆:၀၀)နာရီ မှည(၆:၀၀)နာရီအတွင်းသာ ဖြတ်သန်းသွားလာရန် နှင့်သတ်မှတ်ချိန်ကိုဖောက်ဖျက်ပါက ပစ်မိန့်ပေးထားကြောင်းလည်း သိရသည်။

ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီးများကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခြင်းအပါအဝင် ခုခံတိုက်ခိုက်မှုများ မကြာခဏပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။