Connect with us

Hi, what are you looking for?

News

အမြန်လမ်းတွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၊ ကားတစ်စီးမြောင်းထဲထိုးကျ

တိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းမှ ယာဉ်တစ်စီးမှာ အမြန်လမ်းဘေးမြောင်းထဲသို့ ကျသွားပြီး ယာဉ်နှင့် စကစ တပ် ဖွဲ့ဝင်များ ထိခိုက်မှုရှိခဲ့ပါသည်။ နောက်ဆက်တွဲထိခိုက်မှုစာရင်းကိုစုံစမ်းဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

အမြန်လမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ယာဥ်တန်းအား ယ​နေ့ည​နေပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲမှ ယနေ့(မတ် ၂၁)ထုတ် ပြန်သည်။

ပဲခူးတိုင်းစစ်ဒေသခွဲ၊ ပဲခူးခရိုင်တပ်ရင်း(၁)၊ တပ်ခွဲ(၂) အင်းတကော်ပကဖ-IPDF မှ အ ကြမ်းဖက်စစ်ကောင်စီယာဉ်တန်းအား အမြန်လမ်း မိုင်တိုင် (၂၉)၊ (၅)ဖာလုံ အနီးတွင် ယ​နေ့ည​နေ ၄ နာရီ ၅၀ မိနစ်ဝန်းကျင်တွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပဲခူးတိုင်းစစ်​ဒေသခွဲမှ​ပြောသည်။

တိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းမှ ယာဉ်တစ်စီးမှာ အမြန်လမ်းဘေးမြောင်းထဲသို့ ကျသွားပြီး ယာဉ်နှင့် စကစ တပ် ဖွဲ့ဝင်များ ထိခိုက်မှုရှိခဲ့ပါသည်။ နောက်ဆက်တွဲထိခိုက်မှုစာရင်းကိုစုံစမ်းဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

“သေဆုံးမှုရှိတယ်လို့ မျက်မြင်တွေ ပြောကြပေမဲ့ အတည်ပြုနေတုန်းပါ ခင်ဗျ။တပ်ဖွဲ့ဝင်တွေ(PDFတပ်ဖွဲ့ဝင်​တွေ) ဘေးကင်းစွာဆုတ်ခွါနိုင်ခဲ့ပါတယ်” ဟုပဲခူးတိုင်းစစ်​ဒေသခွဲမှတာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့​​ပြောသည်။

Public Service Announcement

Public Service Announcement

ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့​၏ ယန္တရားများကို ယခုထက်ပိုမို ပြင်း ထန်စွာ ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

မတ်လ ၁၈ ရက်နေ့ကလည်း ပဲခူးတိုင်းစစ်ဒေသခွဲ၊ တပ်ရင်း (၂)က အမြန်လမ်း မိုင်တိုင် (၈၆)အနီးတွင် စစ်ကောင်စီယာဥ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

လူသတ် ကားလုယက်တဲ့ ဒုရဲအုပ်က ကျွဲဂိမ်းဆော့သူဟုဆို

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

Facebook