Connect with us

Hi, what are you looking for?

News

PDFအင်အား အကြမ်းဖက်စစ်ကောင်စီတပ်ကို တန်ပြန်ခြိမ်းခြောက်နိုင်သည့်အဆင့်ရောက်ပြီဟု ယာယီသမ္မတ ​ပြော

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ရှေ့တစ်နှစ်အတွင်း တော်လှန်ရေးမြန်မြန်အဆုံးသတ်နိုင်ရန်နှင့် ပြည်သူများကို ယခုထက် ပိုမို အကာအကွယ်ပေးနိုင်ရေး သေချာစဉ်းစားစီစဉ်ကြရမည်ဟု ပြောကြားခဲ့သည်။

(KPDF-2 မှတပ်ဖွဲ့ ဝင်များ အထူးမွန်းမံစစ်သင်တန်း ​တွင်​ လေ့ကျင့်​နေကြစဥ်။ ဓာတ်ပုံ-KPDF-2)

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အင်အားမှာ သောင်းဂဏန်းအကြီးပိုင်းအထိရောက်ရှိနေပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကို တန်ပြန်ခြိမ်းခြောက်နိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၄၇) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ယနေ့ မနက်က ပြုလုပ်ခဲ့ရာ ယာယီသမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့ကြောင်း NUG သတင်းနှင့် ပြန်ကြားရေး PVTV က သတင်းဖော်ပြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် အစစလိုအပ်မှုများကို ပြည်သူလူထု၏ ပံ့ပိုးမှုဖြင့်ဖြည့်ဆည်းလာနိုင်ခဲ့ကြပြီး လက်ရှိ နွေဦးတော်လှန်ရေး၌ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များကို မြို့နှင့် တောပါမကျန် ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။

“အင်အားမှာလည်း သောင်းဂဏန်း အကြီးပိုင်းကို ရောက်နေပါပြီ၊ စစ်ကောင်စီ အကြမ်းဖက်တပ်ကို တန် ပြန်ခြိမ်းချောက်နိုင်သတဲ့ အဆင့်ရောက်လာပါပြီ”ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူကို ကာကွယ်ရမည့်တပ်ဖွဲ့များ ဖြစ်သည့် အား လျော်စွာ နေရာဒေသပေါင်းစုံမှ PDFတပ်ဖွဲ့များက အ မျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနအောက်တွင် တသွေးတသံတမိန့်ကွပ်ကဲမှုကို နာခံပြီး ကြီးမားသည့် စုစည်းမှုနှင့် ပြည်သူ့ရန်သူ မင်းအောင်လှိုင်နှင့် အပေါင်းအပါများကို ချေမှုန်းရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ စစ်စည်းကမ်း စစ်ကျင့်ဝတ်ကို တင်းကြပ်စွာလိုက်နာပြီး ပြည်သူကိုကာကွယ်သည့် တပ်ဖွဲ့၊ ပြည်သူ့အကျိုးသယ်ပိုးသည့် တပ်ဖွဲ့များ ဖြစ်စေရန် ပြည်သူအများ လေးစားယုံကြည်မှု ခံယူသည့် တပ်ဖွဲ့များ ဖြစ်စေရန် အမြဲကြိုးစားထိန်းသိမ်းကြရမည်ကိုသတိချပ်စေလိုကြောင်း ယာယီသမ္မတက ပြောကြား သည်။

ပြည်သူများ ပါဝင်ထောက်ပံ့နေသည့် ငွေကြေးဓန အင်အားက တော်လှန်ရေးအောင်မြင်ရန် အရေးကြီးသည့် အခန်းကဏ္ဍ တစ်ရပ် အဖြစ်ရှိနေကြောင်း၊ ငွေတိုက်စာချုပ်ရောင်းချမှုမှာ ပြည်သူများ ပိုမိုဝယ်ယူထောက်ပံ့ကြရရေး ဝန်ကြီးများအနေဖြင့် အထူးတိုက်တွန်းပေးရန် ပြောကြားလိုကြောင်းနှင့် ရရှိလာသည့် လှူဒါန်းငွေများကို အကျိုးရှိစွာ အသုံးပြုနေခြင်းအား ပြည်သူများကို အသိ ပေးရန်လိုကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြော သည်။

“အမေရိကန်အစိုးရက မင်းအောင်လှိုင် ဦးဆောင်တဲ့စစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုတွေအတွက် အတည်ပြုပြောကြားခဲ့တယ်၊ မနေ့က အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကိုလာ ရောက်ပေမယ့်လည်း အောင်မြင်မှု မရှိဘူးလို့ သုံးသပ်ကြတယ်၊ အမျိုးသားညီညွတ်ရေးအစိုးရကို ချဉ်းကပ်ပြီး တွေ့ဆုံတာမျိုးမလုပ်တဲ့အတွက် မြန်မာနိုင်ငံပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးဆိုတာ ထင်ရှားတယ်”ဟုလည်း ယာယီသမ္မတက ပြောကြားခဲ့ကြောင်းလည်း ဖော်ပြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ရှေ့တစ်နှစ်အတွင်း တော်လှန်ရေးမြန်မြန်အဆုံးသတ်နိုင်ရန်နှင့် ပြည်သူများကို ယခုထက် ပိုမို အကာအကွယ်ပေးနိုင်ရေး သေချာစဉ်းစားစီစဉ်ကြရမည်ဟု ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။