Connect with us

Hi, what are you looking for?

News

မန္တလေးမြို့အဝင်အထွက်နေရာတွေ စစ်ကောင်စီ ပိုက်စိပ်တိုက်စစ်ဆေးနေ

ဒီနေ့မနက်ပိုင်းကစတင်ပြီး မန္တလေး – ပြင်ဦးလွင်သွား လမ်းပေါ် မန္တလေးမြို့အထွက်က ကျေးရွာတွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအများအပြားနဲ့ ဝင်ရောက်မွှေနှောက်နေပါတယ်။

People's Spring
People's Spring

မန္တလေးမြို့အဝင်အထွက် ပြုလုပ်နိုင်တဲ့ အဓိက နေရာတွေကို စစ်ကောင်စီက စစ်ဆေးမှု ပိုမိုတင်းကြပ်လိုက်ပါတယ်။

မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့တို့ အဝင်အထွက်ပြုလုပ်နိုင်တဲ့ နှာပေါက်စစ်ဆေးဂိတ် ၊ စစ်ကိုင်းမြို့အဝင် ရတနာပုံတံတား စစ်ဆေးဂိတ်တွေမှာ ယခင်ရက်တွေက ထက် ပိုမိုစစ်ဆေးနေတာဖြစ်တယ်လို့ ဒေသခံတွေ ကပြောပါတယ်။

“အရင်ကတော့ အဲဂိတ်တွေကပုံမှန် ကားအကြီးတွေ စစ်တယ်။ ပစ္စည်းတင်တဲ့ယာဉ်တွေအဓိကထားစစ်တာ၊အခုယာဉ်တွေအကုန်ကို ပိုက်စိပ်တိုက်စစ်နေကြတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒီနေ့မနက်ပိုင်းကစတင်ပြီး မန္တလေး – ပြင်ဦးလွင်သွား လမ်းပေါ် မန္တလေးမြို့အထွက်က ကျေးရွာတွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအများအပြားနဲ့ ဝင်ရောက်မွှေနှောက်နေပါတယ်။

Public Service Announcement

Public Service Announcement

အိမ်ထောင်စုဇယားစစ်ဆေးတာ၊ ဧည့်စာရင်းတိုင်ကြားမှုရှိမရှိနဲ့ NLDပါတီနဲ့သက်ဆိုင်တဲ့ အသုံးအဆောင်ပစ္စည်းများရှိမရှိကို လိုက်လံစစ်ဆေးနေတာဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။