Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေးမြို့အဝင်အထွက်နေရာတွေ စစ်ကောင်စီ ပိုက်စိပ်တိုက်စစ်ဆေးနေ

ဒီနေ့မနက်ပိုင်းကစတင်ပြီး မန္တလေး – ပြင်ဦးလွင်သွား လမ်းပေါ် မန္တလေးမြို့အထွက်က ကျေးရွာတွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအများအပြားနဲ့ ဝင်ရောက်မွှေနှောက်နေပါတယ်။

People's Spring
People's Spring

မန္တလေးမြို့အဝင်အထွက် ပြုလုပ်နိုင်တဲ့ အဓိက နေရာတွေကို စစ်ကောင်စီက စစ်ဆေးမှု ပိုမိုတင်းကြပ်လိုက်ပါတယ်။

မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့တို့ အဝင်အထွက်ပြုလုပ်နိုင်တဲ့ နှာပေါက်စစ်ဆေးဂိတ် ၊ စစ်ကိုင်းမြို့အဝင် ရတနာပုံတံတား စစ်ဆေးဂိတ်တွေမှာ ယခင်ရက်တွေက ထက် ပိုမိုစစ်ဆေးနေတာဖြစ်တယ်လို့ ဒေသခံတွေ ကပြောပါတယ်။

“အရင်ကတော့ အဲဂိတ်တွေကပုံမှန် ကားအကြီးတွေ စစ်တယ်။ ပစ္စည်းတင်တဲ့ယာဉ်တွေအဓိကထားစစ်တာ၊အခုယာဉ်တွေအကုန်ကို ပိုက်စိပ်တိုက်စစ်နေကြတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒီနေ့မနက်ပိုင်းကစတင်ပြီး မန္တလေး – ပြင်ဦးလွင်သွား လမ်းပေါ် မန္တလေးမြို့အထွက်က ကျေးရွာတွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအများအပြားနဲ့ ဝင်ရောက်မွှေနှောက်နေပါတယ်။

Public Service Announcement

Public Service Announcement

အိမ်ထောင်စုဇယားစစ်ဆေးတာ၊ ဧည့်စာရင်းတိုင်ကြားမှုရှိမရှိနဲ့ NLDပါတီနဲ့သက်ဆိုင်တဲ့ အသုံးအဆောင်ပစ္စည်းများရှိမရှိကို လိုက်လံစစ်ဆေးနေတာဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။