Connect with us

Hi, what are you looking for?

News

ဟိုပင်တိုက်ပွဲ စစ်ကောင်စီတပ်မှ ၃၀ကျော်သေဆုံးပြီး PDFတပ်ဖွဲ့ဝင်ငါးဦး ကျဆုံး

ဒေသတွင်းသို့ အင်အား ၃၀၀ ခန့်ဖြင့် ထိုးစစ်ဆင်လာ၍ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများခဲ့သည်ဟု ဆိုသည်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်ဒေသ၌ မတ်လ၁၉ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ဦးထက်မနည်းသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့ဝင်ငါးဦး ကျဆုံးခဲ့ကြောင်း ဟိုပင် PDFက ယနေ့ အသိပေးထုတ်ပြန်သည်။

ဒေသတွင်းသို့ အင်အား ၃၀၀ ခန့်ဖြင့် ထိုးစစ်ဆင်လာ၍ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများခဲ့သည်ဟု ဆိုသည်။

Public Service Announcement

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများ အဆမတန် ပစ်ခတ်ခဲ့ပြီး လေကြောင်းမှလည်း တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ ဒေသတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ် ရေးတပ်များ ပူးပေါင်းလှုပ်ရှားနေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဟိုပင်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာ၍ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း မတ်လ ၁၉ရက်က ပြောဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။