Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်သားများတပ်စွဲထားသည့် မြင်းခြံလျှပ်စစ်ရုံး တိုက်ခိုက်ခံရ

မြင်းခြံမြို့တွင် လျှပ်စစ်မီတာခမဆောင်သည့်နေအိမ်များအား မီးဖြတ်ခြင်း၊ မီတာအလုံးလိုက် သိမ်းဆည်းခြင်းများ ပြုလုပ်နေပြီး လျှပ်စစ်မီးမှာလည်း မလာသလောက်နီးပါးဖြစ်နေကြောင်း ဒေသခံများက ပြောကြားသည်။

မန္တလေးတိုင်း ​မြင်းခြံမြို့ရှိ လျှပ်စစ်မန်နေဂျာရုံးတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိကြောင်း Myingyan 27 Revolution Forceက အသိပေးထုတ်ပြန်သည်။

မတ်လ ၂၄ ရက် ည၇နာရီခန့်က မြင်းခြံမြို့ အမှတ် (၅)ရပ်ကွက်ရှိ မြို့နယ် လျှပ်စစ်ရုံးသို့ မဟာမိတ်အဖွဲ့ များသော Myingyan 27 Revolution Force၊ Seven People Defense Force နှင့်TTA ပြောက်ကျားတို့ သုံးဖွဲ့ ပူးပေါင်း ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်သား တစ်ဦးသေဆုံးနိုင်ပြီး နောက်တစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း Myingyan 27 Revolution Forceက ထုတ်ပြန်သည်။

Public Service Announcement

“လျှပ်စစ်ရုံးထဲရောက်နေတဲ့ စစ်ကောင်စီနဲ့ပေါင်းနေတဲ့ လူတစ်ယောက်လည်း ပေါင်ထိသွား တယ်ကြားတယ်။”ဟု မြင်းခြံနယ်ခံတစ်ဦးက ပြောသည်။

မြင်းခြံမြို့တွင် လျှပ်စစ်မီတာခမဆောင်သည့်နေအိမ်များအား မီးဖြတ်ခြင်း၊ မီတာအလုံးလိုက် သိမ်းဆည်းခြင်းများ ပြုလုပ်နေပြီး လျှပ်စစ်မီးမှာလည်း မလာသလောက်နီးပါးဖြစ်နေကြောင်း ဒေသခံများက ပြောကြားသည်။

Public Service Announcement

Public Service Announcement

မြင်းခြံမြို့သည် မန္တလေးတိုင်းအတွင်း တစ်မြို့တည်းသော မိုဘိုင်းအင်တာနက် ဖြတ်တောက်ခံ ထားရသည့်မြို့တစ်မြို့ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ ဖိနှိပ်မှုပြင်းထန်စွာခံနေရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာကို ဆုံရွာက ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ကာ လုယက်မှုတွေပြုလုပ်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာလမ်းပိုင်းမှာ စစ်တပ် နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့ယာဉ်တန်းတိုက်ခိုက်မှုအတွင်း အချုပ်ဖောက်ပြေးပြီး စစ်တပ်ထံအညံ့ခံသွားတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးအပါအဝင် ၄ဦး နေရာတွင်သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ တိုက်ခိုက်တဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။