Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီတပ်သားများတပ်စွဲထားသည့် မြင်းခြံလျှပ်စစ်ရုံး တိုက်ခိုက်ခံရ

မြင်းခြံမြို့တွင် လျှပ်စစ်မီတာခမဆောင်သည့်နေအိမ်များအား မီးဖြတ်ခြင်း၊ မီတာအလုံးလိုက် သိမ်းဆည်းခြင်းများ ပြုလုပ်နေပြီး လျှပ်စစ်မီးမှာလည်း မလာသလောက်နီးပါးဖြစ်နေကြောင်း ဒေသခံများက ပြောကြားသည်။

မန္တလေးတိုင်း ​မြင်းခြံမြို့ရှိ လျှပ်စစ်မန်နေဂျာရုံးတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိကြောင်း Myingyan 27 Revolution Forceက အသိပေးထုတ်ပြန်သည်။

မတ်လ ၂၄ ရက် ည၇နာရီခန့်က မြင်းခြံမြို့ အမှတ် (၅)ရပ်ကွက်ရှိ မြို့နယ် လျှပ်စစ်ရုံးသို့ မဟာမိတ်အဖွဲ့ များသော Myingyan 27 Revolution Force၊ Seven People Defense Force နှင့်TTA ပြောက်ကျားတို့ သုံးဖွဲ့ ပူးပေါင်း ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်သား တစ်ဦးသေဆုံးနိုင်ပြီး နောက်တစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း Myingyan 27 Revolution Forceက ထုတ်ပြန်သည်။

Public Service Announcement

“လျှပ်စစ်ရုံးထဲရောက်နေတဲ့ စစ်ကောင်စီနဲ့ပေါင်းနေတဲ့ လူတစ်ယောက်လည်း ပေါင်ထိသွား တယ်ကြားတယ်။”ဟု မြင်းခြံနယ်ခံတစ်ဦးက ပြောသည်။

မြင်းခြံမြို့တွင် လျှပ်စစ်မီတာခမဆောင်သည့်နေအိမ်များအား မီးဖြတ်ခြင်း၊ မီတာအလုံးလိုက် သိမ်းဆည်းခြင်းများ ပြုလုပ်နေပြီး လျှပ်စစ်မီးမှာလည်း မလာသလောက်နီးပါးဖြစ်နေကြောင်း ဒေသခံများက ပြောကြားသည်။

Public Service Announcement

Public Service Announcement

မြင်းခြံမြို့သည် မန္တလေးတိုင်းအတွင်း တစ်မြို့တည်းသော မိုဘိုင်းအင်တာနက် ဖြတ်တောက်ခံ ထားရသည့်မြို့တစ်မြို့ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ ဖိနှိပ်မှုပြင်းထန်စွာခံနေရသည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။