Connect with us

Hi, what are you looking for?

News

မတူပီသို့ ရိက္ခာပို့ ထွက်ခွာသည့် စစ်ကောင်စီယာဉ်တန်းကို မင်းတပ် CDF တိုက်ခိုက်၍ တိုက်ပွဲဖြစ်

တိုက်ခိုက်ရေးတပ်ရင်းများနှင့် အဆက်အသွယ်မရသေး၍ မည်သည့်နေရာ၌ တိုက်ပွဲဖြစ်ပွားနေသည်ကို အသေးစိတ်မသိရသေးကြောင်း၊ စစ်ကောင်စီတပ်ယာဉ်တန်းအနေဖြင့် ယနေ့တွင် မင်းတပ် -မတူပီလမ်း မိုင်တိုင် (၂၂)မိုင်ထက် ပိုမရောက်နိုင်ကြောင်း ဆလိုင်းဟာအွမ်က ပြောသည်။

(မ​ကွေးတိုင်း ​ကျောက်ထု​​လေယာဥ်ကွင်းမှ ချင်းပြည်နယ်သို့ ထွက်လာ​သော စစ်​ကောင်စီယာဥ်တန်းကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - Hkl Mindat)

ချင်းပြည်နယ် မင်းတပ်မြို့မှတစ်ဆင့် မတူပီမြို့သို့ ရိက္ခာပို့ ဆက်လက်ထွက်ခွာသွားသည့် ယာဉ်တန်းနှင့် မင်းတပ် ချင်းဒေသကာကွယ်ရေးတပ်(CDF)တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေကြောင်း မင်းတပ် CDF ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းဟာအွမ်က ပြောကြားသည်။

ပြီးခဲ့သည့် ရက်ပိုင်းက မကွေးတိုင်း ကျောက်ထုမြို့မှ မင်းတပ်သို့ ရောက်ရှိလာသည့် တင့်ကား ၂စီးနှင့် ယာဉ်စီးရေ ၈၀ ကျော်ပါ စစ်ယာဉ်တန်းသည် မင်းတပ်မှ မတူပီသို့ ဆက်လက်ထွက်ခွာသွားရာလမ်းခရီး၌ မင်းတပ် CDF တပ်များနှင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် အဆိုပါဒေသသို့ ဖုန်းလိုင်းများ ဖြတ်တောက်ထား၍ တိုက်ပွဲသတင်း အသေးစိတ်ကို မရရှိသေးကြောင်း ဆလိုင်းဟာအွမ်က ပြောသည်။

“တိုက်ပွဲကတော့ ရှိတယ်။ တ၀ုန်း၀ုန်းနဲ့ အစောပိုင်းကတော့ ကြားတယ်။ မနက်ကတည်းက”ဟု ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

တိုက်ခိုက်ရေးတပ်ရင်းများနှင့် အဆက်အသွယ်မရသေး၍ မည်သည့်နေရာ၌ တိုက်ပွဲဖြစ်ပွားနေသည်ကို အသေးစိတ်မသိရသေးကြောင်း၊ စစ်ကောင်စီတပ်ယာဉ်တန်းအနေဖြင့် ယနေ့တွင် မင်းတပ် -မတူပီလမ်း မိုင်တိုင် (၂၂)မိုင်ထက် ပိုမရောက်နိုင်ကြောင်း ဆလိုင်းဟာအွမ်က ပြောသည်။

မိုင် ၁၀၀ခန့်သာရှိသည့် မင်းတပ် -မတူပီလမ်းကို စစ်ကောင်စီတပ်ယာဉ်တန်းများ ဖြတ်သန်းစဉ် CDF က ကြားဖြတ်တိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့၍ တစ်ပတ်ကျော်ကြာ ခရီးကြာမြင့်ခဲ့သည်။

“ဒီလမ်းက တောက်လျှောက်ကျွန်တော်တို့ ရှိနေတဲ့အတွက် ဒီခရီးက အဲဒီလောက်ပဲ ကြာမှာပါ” ဟု မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြော သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။