Connect with us

Hi, what are you looking for?

LuduNwayOo

News

မတူပီသို့ ရိက္ခာပို့ ထွက်ခွာသည့် စစ်ကောင်စီယာဉ်တန်းကို မင်းတပ် CDF တိုက်ခိုက်၍ တိုက်ပွဲဖြစ်

တိုက်ခိုက်ရေးတပ်ရင်းများနှင့် အဆက်အသွယ်မရသေး၍ မည်သည့်နေရာ၌ တိုက်ပွဲဖြစ်ပွားနေသည်ကို အသေးစိတ်မသိရသေးကြောင်း၊ စစ်ကောင်စီတပ်ယာဉ်တန်းအနေဖြင့် ယနေ့တွင် မင်းတပ် -မတူပီလမ်း မိုင်တိုင် (၂၂)မိုင်ထက် ပိုမရောက်နိုင်ကြောင်း ဆလိုင်းဟာအွမ်က ပြောသည်။

(မ​ကွေးတိုင်း ​ကျောက်ထု​​လေယာဥ်ကွင်းမှ ချင်းပြည်နယ်သို့ ထွက်လာ​သော စစ်​ကောင်စီယာဥ်တန်းကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - Hkl Mindat)

ချင်းပြည်နယ် မင်းတပ်မြို့မှတစ်ဆင့် မတူပီမြို့သို့ ရိက္ခာပို့ ဆက်လက်ထွက်ခွာသွားသည့် ယာဉ်တန်းနှင့် မင်းတပ် ချင်းဒေသကာကွယ်ရေးတပ်(CDF)တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေကြောင်း မင်းတပ် CDF ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းဟာအွမ်က ပြောကြားသည်။

ပြီးခဲ့သည့် ရက်ပိုင်းက မကွေးတိုင်း ကျောက်ထုမြို့မှ မင်းတပ်သို့ ရောက်ရှိလာသည့် တင့်ကား ၂စီးနှင့် ယာဉ်စီးရေ ၈၀ ကျော်ပါ စစ်ယာဉ်တန်းသည် မင်းတပ်မှ မတူပီသို့ ဆက်လက်ထွက်ခွာသွားရာလမ်းခရီး၌ မင်းတပ် CDF တပ်များနှင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် အဆိုပါဒေသသို့ ဖုန်းလိုင်းများ ဖြတ်တောက်ထား၍ တိုက်ပွဲသတင်း အသေးစိတ်ကို မရရှိသေးကြောင်း ဆလိုင်းဟာအွမ်က ပြောသည်။

“တိုက်ပွဲကတော့ ရှိတယ်။ တ၀ုန်း၀ုန်းနဲ့ အစောပိုင်းကတော့ ကြားတယ်။ မနက်ကတည်းက”ဟု ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

တိုက်ခိုက်ရေးတပ်ရင်းများနှင့် အဆက်အသွယ်မရသေး၍ မည်သည့်နေရာ၌ တိုက်ပွဲဖြစ်ပွားနေသည်ကို အသေးစိတ်မသိရသေးကြောင်း၊ စစ်ကောင်စီတပ်ယာဉ်တန်းအနေဖြင့် ယနေ့တွင် မင်းတပ် -မတူပီလမ်း မိုင်တိုင် (၂၂)မိုင်ထက် ပိုမရောက်နိုင်ကြောင်း ဆလိုင်းဟာအွမ်က ပြောသည်။

မိုင် ၁၀၀ခန့်သာရှိသည့် မင်းတပ် -မတူပီလမ်းကို စစ်ကောင်စီတပ်ယာဉ်တန်းများ ဖြတ်သန်းစဉ် CDF က ကြားဖြတ်တိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့၍ တစ်ပတ်ကျော်ကြာ ခရီးကြာမြင့်ခဲ့သည်။

“ဒီလမ်းက တောက်လျှောက်ကျွန်တော်တို့ ရှိနေတဲ့အတွက် ဒီခရီးက အဲဒီလောက်ပဲ ကြာမှာပါ” ဟု မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြော သည်။

ဆက်စပ်သတင်းများ

သတင်း

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။