Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်များ ကျူးလွန်ခဲ့မှုများအတွက် စောင့်ကြည့်၊ တရားစွဲဆိုရန် အမေရိကန်ကို NUCC တောင်းဆို

NUCC သည် စစ်တပ်က ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုအပါအဝင် ခေတ်အဆက်ဆက် နိုင်ငံတဝန်းတွင် ဖြစ်ပေါ်ခဲ့၊ ဖြစ်ပေါ်နေသော နိုင်ငံတကာရာဇဝတ်ကျူးလွန်မှုများကို မူဝါဒချမှတ်ပြီး တရားမျှတမှုရရှိရေးနှင့် ကျူးလွန်သူများအား အပြစ်ပေးအရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်သည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်က ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် ​ဒေသခံပြည်သူ ၃၅နှင့် ​ဒေသခံများ၏ ကားများအား သတ်ဖြတ်မီးရှို့​နေသည်ကို ၂၀၂၁ဒီဇင်ဘာ ၂၄ရက်က ​တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)

▪️စစ်တပ်၏ ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်မှုကို တရားဝင်ဆုံးဖြတ်ခဲ့သည့်အပေါ် ​NUCC ကြိုဆို

စစ်အာဏာရှင်တို့ ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများနှင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများအတွက် စောင့်ကြည့်မှတ်တမ်းတင်မှုများ၊ တရားစွဲဆိုမှုများပြုလုပ်ရန် အမေရိကန်အစိုးရ ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က တိုက်တွန်းတောင်းဆိုလိုက်သည်။

မြန်မာစစ်တပ်က ရိုဟင်ဂျာများအပေါ် ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုများသည် လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုမြောက်ကြောင်း အမေရိကန်အစိုးရက တရားဝင်ဆုံးဖြတ်ကြေညာချက်ကို အလေးအနက်ကြိုဆိုသည်ဟု NUCCက ယနေ့ ထုတ်ပြန်သည်။

ယင်းဆုံးဖြတ်ချက်သည် နိုင်ငံတဝန်းရှိ ပြည်သူပြည်သားများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှု ရရှိစေရန်၊ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းကာ တိုင်းရင်းသားလူမျိုးများ၏ မျှော်မှန်းချက် ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြီးမားခိုင်မာသော ခြေလှမ်းဖြစ်သည်ဟု NUCC က ယုံကြည်ကြောင်းဖော်ပြသည်။

Public Service Announcement

Public Service Announcement

NUCC သည် စစ်တပ်က ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုအပါအဝင် ခေတ်အဆက်ဆက် နိုင်ငံတဝန်းတွင် ဖြစ်ပေါ်ခဲ့၊ ဖြစ်ပေါ်နေသော နိုင်ငံတကာရာဇဝတ်ကျူးလွန်မှုများကို မူဝါဒချမှတ်ပြီး တရားမျှတမှုရရှိရေးနှင့် ကျူးလွန်သူများအား အပြစ်ပေးအရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်သည်။

ထို့အပြင် NUCC သည် နိုင်ငံတဝန်းရှိ ပြည်သူပြည်သားများအားလုံးနှင့် ရိုဟင်ဂျာလူနည်းစုများ၏ ဆယ်စုနှစ်များစွာကြာခံစားနေရသော ဆင်းရဲဒုက္ခများ၊ ထိခိုက်နစ်နာမှုများစွာကို နက်ရှိုင်းစွာအသိအမှတ်ပြုကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။