Connect with us

Hi, what are you looking for?

News

ပွန်ချောင်းအနီး တိုက်ပွဲဖြစ်ပွားနေ၍ လွိုင်ကော်-ရှားတောလမ်းပိုင်း အသုံးမပြုရန် KNDF B-14 သတိပေး

လက်ရှိတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ကူများနှင့် ဂျက်လေယာဥ်များ ပါ အသုံးပြု မှုများရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။

(KNDF B-14 ရဲဘော်များကို တွေ့ရစဥ်)

ကရင်နီ(ကယား)ပြည်နယ် ပွန်ချောင်းအနီး တိုက်ပွဲဖြစ်ပွားနေ၍ လွိုင်ကော်-ရှားတော လမ်းမကြီးကို အသုံးမပြုရန် ကရင်နီအမျိုးသားများကာကွယ်ရေး တပ်(KNDF B-14)က ယနေ့(မတ်လ ၂၇ ရက်) ထုတ်ပြန်သည်။

ယနေ့ နံနက် ၅ နာရီခွဲခန့်ကစ၍ ကရင်နီတပ်မတော်(KA)နှင့် KNDF ပူးပေါင်းတပ်ဖွဲ့များမှ ပွန်ချောင်းအနီးရှိ စစ်ကောင်စီတပ်ကို ဝင်ရောက် တိုက်ခိုက်နေခြင်းဖြစ်သည်။

“ပွန်ချောင်း အရှေ့ဘက်ဆို ရှားတော ဘက်ရောက်တယ်။အခု ဖြစ်နေတာ ပွန်ချောင်း အနောက်ဘက် ပွန်ချောင်းဘေးပေါ့။​ပြည်သူတွေ အနေနဲ့အသွားအလာဂရုစိုက်ကြဖို့ လိုတယ်” ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ကူများနှင့် ဂျက်လေယာဥ်များ ပါ အသုံးပြု မှုများရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ကရင်နီပြည်နယ်တွင် စစ်ကောင်စီ၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် နေမှုများကြောင့် နေ့စဥ် တိုက်ပွဲများဖြစ်ပွားလျှက်ရှိကာ နှစ်ဖက်ကျဆုံးမှုများ ရှိနေသည်။

မတ်လ တတိယပတ်အတွင်း ကရင်နီပြည်နယ်တိုက်ပွဲများ၌ စစ်ကောင်စီတပ် သား ခုနစ်ဦးထက်မနည်း သေဆုံးခဲ့သည်ဟုလည်း KNDF က ထုတ်ပြန်ထား သည်။

ဆက်စပ်သတင်းများ

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

စစ်ကြောင်းမှူးဒဏ်ရာရပြီး စစ်တပ်စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွား

သတင်း

ဗန်းမော်မြို့အနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက စစ်ရေးအရှိန်မြှင့်ထားစဉ် မိုးမိတ်မြို့အနီးမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။