Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီတပ်စွဲရာ​နေရာနှင့် မိုင်တယ်လ်တာဝါတိုင်များကို နွားထိုးကြီး PDFကတိုက်ခိုက်ပြီးတော်လှန်​​ရေး​နေ့ကိုကြိုဆို

“တပ်မတော်နေ့ ကြိုဆိုနေတာ။ မနေ့ညကသူတို့ဘက်က ပြန်ပစ်တယ်။ ကျွန်​တော်တို့က ၄၀ မမနဲ့ ပစ်တာ။ မနေ့ည ၇ နာရီ ဝန်းကျင်ကပါ။”ဟု နွားထိုးကြီး PDF အဖွဲ့ တာဝန်ရှိသူက လူထု​နွေဦးသို့ ပြောသည်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် ​တော်လှန်​ရေး​နေ့ကိုကြိုဆို​သောအ​နေဖြင့်ကျေးရွာမီးသတ်စခန်းတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်အား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီပိုင် မိုင်တဲတာဝါတိုင် ၃တိုင်ကိုပါ ဖြိုလှဲခဲ့ကြောင်း နွားထိုးကြီး PDFက ပြောသည်။

ယမန်နေ့ မတ်လ ၂၆ ရက် ညပိုင်းက ​နွားထိုးကြီးမြို့နယ်၊ဝက်လူးကျေးရွာရှိ မီးသတ်စခန်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုများရှိနိုင်ကြောင်း Natogyi PDFမှ တာဝန်ရှိသူက ပြောသည်။

ထို့အပြင် မြင်းခြံမြို့နယ်၊ကန်နီကျေးရွာမှ Mytelတာဝါတိုင်နှင့် နွားထိုးကြီးမြို့နယ်၊မလည်ရွာအနီးမှ Mytelတာဝါတိုင်ကိုလည်း ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ ယနေ့( မတ်လ ၂၇ ရက်နေ့) နံနက်ပိုင်းတွင်လည်း နောက်ထပ်တစ်တိုင် ထပ်မံဖောက်ခွဲနေကြောင်း နွားထိုးကြီးPDF အဖွဲ့ တာဝန်ရှိသူက ပြောသည်။

“တပ်မတော်နေ့ ကြိုဆိုနေတာ။ မနေ့ညကသူတို့ဘက်က ပြန်ပစ်တယ်။ ကျွန်​တော်တို့က ၄၀ မမနဲ့ ပစ်တာ။ မနေ့ည ၇ နာရီ ဝန်းကျင်ကပါ။”ဟု နွားထိုးကြီး PDF အဖွဲ့ တာဝန်ရှိသူက လူထု​နွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ဖက်ဆစ်ဂျပန်တို့ကို နိုင်ငံတစ်ဝန်းစတင်တော်လှန်တိုက်ခိုက်ခဲ့​သော​​​မတ် ၂၇ ရက်ကို ​တော်လှန်​ရေး​နေ့ဟုသတ်မှတ်အမည်​ပေးခဲ့ရာမှ အာဏာသိမ်းစစ်အုပ်စုက ၁၉၇၀ ခုနှစ်တွင် တပ်မ​တော်​နေ့ဟု အမည်​ပြောင်းလဲဝါဒဖြန့်ခဲ့ခြင်းဖြစ်သည်။

မတ်လ ၂၄ ရက်နေ့ကလည်း နွားထိုးကြီးမြို့နယ်၊ ဝက်လူးရွာနှင့် ဆူးဖြူကုန်းကျေးရွာကြားတွင် စစ်သား ၁၅ ဦးခန့် စီးနင်းလာသော စစ်ကောင်စီယာဉ် ၁ စီးကို နွားထိုးကြီး PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်း နွားထိုးကြီး PDF အဖွဲ့က အသိပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။