Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်စွဲရာ​နေရာနှင့် မိုင်တယ်လ်တာဝါတိုင်များကို နွားထိုးကြီး PDFကတိုက်ခိုက်ပြီးတော်လှန်​​ရေး​နေ့ကိုကြိုဆို

“တပ်မတော်နေ့ ကြိုဆိုနေတာ။ မနေ့ညကသူတို့ဘက်က ပြန်ပစ်တယ်။ ကျွန်​တော်တို့က ၄၀ မမနဲ့ ပစ်တာ။ မနေ့ည ၇ နာရီ ဝန်းကျင်ကပါ။”ဟု နွားထိုးကြီး PDF အဖွဲ့ တာဝန်ရှိသူက လူထု​နွေဦးသို့ ပြောသည်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် ​တော်လှန်​ရေး​နေ့ကိုကြိုဆို​သောအ​နေဖြင့်ကျေးရွာမီးသတ်စခန်းတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်အား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီပိုင် မိုင်တဲတာဝါတိုင် ၃တိုင်ကိုပါ ဖြိုလှဲခဲ့ကြောင်း နွားထိုးကြီး PDFက ပြောသည်။

ယမန်နေ့ မတ်လ ၂၆ ရက် ညပိုင်းက ​နွားထိုးကြီးမြို့နယ်၊ဝက်လူးကျေးရွာရှိ မီးသတ်စခန်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုများရှိနိုင်ကြောင်း Natogyi PDFမှ တာဝန်ရှိသူက ပြောသည်။

ထို့အပြင် မြင်းခြံမြို့နယ်၊ကန်နီကျေးရွာမှ Mytelတာဝါတိုင်နှင့် နွားထိုးကြီးမြို့နယ်၊မလည်ရွာအနီးမှ Mytelတာဝါတိုင်ကိုလည်း ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ ယနေ့( မတ်လ ၂၇ ရက်နေ့) နံနက်ပိုင်းတွင်လည်း နောက်ထပ်တစ်တိုင် ထပ်မံဖောက်ခွဲနေကြောင်း နွားထိုးကြီးPDF အဖွဲ့ တာဝန်ရှိသူက ပြောသည်။

“တပ်မတော်နေ့ ကြိုဆိုနေတာ။ မနေ့ညကသူတို့ဘက်က ပြန်ပစ်တယ်။ ကျွန်​တော်တို့က ၄၀ မမနဲ့ ပစ်တာ။ မနေ့ည ၇ နာရီ ဝန်းကျင်ကပါ။”ဟု နွားထိုးကြီး PDF အဖွဲ့ တာဝန်ရှိသူက လူထု​နွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ဖက်ဆစ်ဂျပန်တို့ကို နိုင်ငံတစ်ဝန်းစတင်တော်လှန်တိုက်ခိုက်ခဲ့​သော​​​မတ် ၂၇ ရက်ကို ​တော်လှန်​ရေး​နေ့ဟုသတ်မှတ်အမည်​ပေးခဲ့ရာမှ အာဏာသိမ်းစစ်အုပ်စုက ၁၉၇၀ ခုနှစ်တွင် တပ်မ​တော်​နေ့ဟု အမည်​ပြောင်းလဲဝါဒဖြန့်ခဲ့ခြင်းဖြစ်သည်။

မတ်လ ၂၄ ရက်နေ့ကလည်း နွားထိုးကြီးမြို့နယ်၊ ဝက်လူးရွာနှင့် ဆူးဖြူကုန်းကျေးရွာကြားတွင် စစ်သား ၁၅ ဦးခန့် စီးနင်းလာသော စစ်ကောင်စီယာဉ် ၁ စီးကို နွားထိုးကြီး PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်း နွားထိုးကြီး PDF အဖွဲ့က အသိပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။