Connect with us

Hi, what are you looking for?

News

မင်းတပ်မြို့ရှိ စစ်ကောင်စီတပ်ကို CDF သွားရောက် တိုက်ခိုက်၊ မင်းတပ်-မတူပီလမ်းတွင်လည်းတိုက်ပွဲဆက်ဖြစ်

“မြို့ပေါ်မှာ ဖြစ်တာပါ။ CDFက သွားရောက်တိုက်ခိုက်တာပါ။ လုံလုံခြုံခြုံနဲ့ အထိအခိုက် မရှိပြန်လာနိုင်တယ်။ တိုက်ပွဲအခြေအနေနဲ့ (စစ်ကောင်စီတပ်ဖွဲ့ဝင်) ဘယ်လောက်ကျတယ် ဆိုတာ အတိအကျမသိရသေးဘူး”ဟု ဆလိုင်းဟာအွမ် က ပြောသည်။

(မ​ကွေးတိုင်း​ကျောက်ထု ​လေယာဥ်ကွင်းမှ ချင်းပြည်နယ်သို့ ထွက်ခွာလာ​သော စစ်​ကောင်စီရိက္ခာယာဥ်တန်းအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - Mkl Mindat)

ချင်းပြည်နယ် မင်းတပ်မြို့တစ်နေရာရှိ စစ်ကောင်စီတပ်ကို ယနေ့နံနက်က သွားရောက် တိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ချင်းဒေသကာကွယ်ရေးတပ်(CDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က အတည်ပြုပြီး မင်းတပ် – မတူပီလမ်း တစ်နေရာ၌လည်း တိုက်ပွဲဖြစ်ပွား နေသည်ဟု ပြောကြားသည်။

“မြို့ပေါ်မှာ ဖြစ်တာပါ။ CDFက သွားရောက်တိုက်ခိုက်တာပါ။ လုံလုံခြုံခြုံနဲ့ အထိအခိုက် မရှိပြန်လာနိုင်တယ်။ တိုက်ပွဲအခြေအနေနဲ့ (စစ်ကောင်စီတပ်ဖွဲ့ဝင်) ဘယ်လောက်ကျတယ် ဆိုတာ အတိအကျမသိရသေးဘူး”ဟု ဆလိုင်းဟာအွမ် က ပြောသည်။

အသေးစိတ်အခြေအနေများကိုလည်း သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်​ပြောသည်။ ထို့အပြင် မင်းတပ် -မတူပီ လမ်းပိုင်းတစ်နေရာ၌လည်း ထူးခြားမှုရှိကြောင်း ဆလိုင်းဟာအွမ်က ပြောသည်။

“တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေတယ်။ ကျွန်တော်တို့ CDF ရဲဘော်တွေ ဘေးအန္တရာယ် ကင်းဖို့ အားလုံးဆုတောင်းပေးဖို့ အဲဒီလောက်ပဲ တောင်းဆိုချင်ပါ တယ်”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

မင်းတပ်ဒေသ စစ်ရေးသတင်းများကို ပုံမှန်ဖော်ပြနေသူတစ်ဦးကလည်း ယနေ့နံနက် ၇နာရီခန့်က မင်းတပ်မြို့ ဘ၀သစ်ရပ်ကွက်အနီးတွင် ပစ်ခတ်သံများကြားရကြောင်း ရေးသားထားသည်။ ရဲစခန်းကုန်းပေါ်မှ ပစ်ကူပေးနေပြီး နာရီဝက်အကြာတွင် ပစ်ခတ်သံများ ပြန်ငြိမ်းသွားကြောင်း ဖော်ပြထားပြီး မြို့နေ လူထုများဂရုစိုက်သွားလာရန်လည်း တိုက်တွန်း ထားသည်။

ထို့ပြင် နံနက်၈နာရီခန့်တွင် မင်းတပ် -မတူပီလမ်းပိုင်း၌ လက်နက်ကြီးသံများ ပေါက်ကွဲသံများ ကြားနေရကြောင်း ၎င်းက ဆိုသည်။

မကွေးတိုင်း ကျောက်ထုလေယာဉ်ကွင်းမှ ထွက်လာသည့် တင့်ကား နှစ်စီးနှင့် ယာဉ်အစီးရေ ၈၀ခန့်ပါ စစ်ကောင်စီယာဉ်တန်းသည် မင်းတပ်မှတစ်ဆင့် မတူပီမြို့သို့ ထွက်ခွာသွားရာ မတ်လ ၂၆ရက်မှစ၍ မင်းတပ် -မတူပီ လမ်းပိုင်း၌ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။