Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်းတပ်မြို့ရှိ စစ်ကောင်စီတပ်ကို CDF သွားရောက် တိုက်ခိုက်၊ မင်းတပ်-မတူပီလမ်းတွင်လည်းတိုက်ပွဲဆက်ဖြစ်

“မြို့ပေါ်မှာ ဖြစ်တာပါ။ CDFက သွားရောက်တိုက်ခိုက်တာပါ။ လုံလုံခြုံခြုံနဲ့ အထိအခိုက် မရှိပြန်လာနိုင်တယ်။ တိုက်ပွဲအခြေအနေနဲ့ (စစ်ကောင်စီတပ်ဖွဲ့ဝင်) ဘယ်လောက်ကျတယ် ဆိုတာ အတိအကျမသိရသေးဘူး”ဟု ဆလိုင်းဟာအွမ် က ပြောသည်။

(မ​ကွေးတိုင်း​ကျောက်ထု ​လေယာဥ်ကွင်းမှ ချင်းပြည်နယ်သို့ ထွက်ခွာလာ​သော စစ်​ကောင်စီရိက္ခာယာဥ်တန်းအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - Mkl Mindat)

ချင်းပြည်နယ် မင်းတပ်မြို့တစ်နေရာရှိ စစ်ကောင်စီတပ်ကို ယနေ့နံနက်က သွားရောက် တိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ချင်းဒေသကာကွယ်ရေးတပ်(CDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က အတည်ပြုပြီး မင်းတပ် – မတူပီလမ်း တစ်နေရာ၌လည်း တိုက်ပွဲဖြစ်ပွား နေသည်ဟု ပြောကြားသည်။

“မြို့ပေါ်မှာ ဖြစ်တာပါ။ CDFက သွားရောက်တိုက်ခိုက်တာပါ။ လုံလုံခြုံခြုံနဲ့ အထိအခိုက် မရှိပြန်လာနိုင်တယ်။ တိုက်ပွဲအခြေအနေနဲ့ (စစ်ကောင်စီတပ်ဖွဲ့ဝင်) ဘယ်လောက်ကျတယ် ဆိုတာ အတိအကျမသိရသေးဘူး”ဟု ဆလိုင်းဟာအွမ် က ပြောသည်။

အသေးစိတ်အခြေအနေများကိုလည်း သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်​ပြောသည်။ ထို့အပြင် မင်းတပ် -မတူပီ လမ်းပိုင်းတစ်နေရာ၌လည်း ထူးခြားမှုရှိကြောင်း ဆလိုင်းဟာအွမ်က ပြောသည်။

“တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေတယ်။ ကျွန်တော်တို့ CDF ရဲဘော်တွေ ဘေးအန္တရာယ် ကင်းဖို့ အားလုံးဆုတောင်းပေးဖို့ အဲဒီလောက်ပဲ တောင်းဆိုချင်ပါ တယ်”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

မင်းတပ်ဒေသ စစ်ရေးသတင်းများကို ပုံမှန်ဖော်ပြနေသူတစ်ဦးကလည်း ယနေ့နံနက် ၇နာရီခန့်က မင်းတပ်မြို့ ဘ၀သစ်ရပ်ကွက်အနီးတွင် ပစ်ခတ်သံများကြားရကြောင်း ရေးသားထားသည်။ ရဲစခန်းကုန်းပေါ်မှ ပစ်ကူပေးနေပြီး နာရီဝက်အကြာတွင် ပစ်ခတ်သံများ ပြန်ငြိမ်းသွားကြောင်း ဖော်ပြထားပြီး မြို့နေ လူထုများဂရုစိုက်သွားလာရန်လည်း တိုက်တွန်း ထားသည်။

ထို့ပြင် နံနက်၈နာရီခန့်တွင် မင်းတပ် -မတူပီလမ်းပိုင်း၌ လက်နက်ကြီးသံများ ပေါက်ကွဲသံများ ကြားနေရကြောင်း ၎င်းက ဆိုသည်။

မကွေးတိုင်း ကျောက်ထုလေယာဉ်ကွင်းမှ ထွက်လာသည့် တင့်ကား နှစ်စီးနှင့် ယာဉ်အစီးရေ ၈၀ခန့်ပါ စစ်ကောင်စီယာဉ်တန်းသည် မင်းတပ်မှတစ်ဆင့် မတူပီမြို့သို့ ထွက်ခွာသွားရာ မတ်လ ၂၆ရက်မှစ၍ မင်းတပ် -မတူပီ လမ်းပိုင်း၌ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။