Connect with us

Hi, what are you looking for?

News

စစ်ကိုင်းနှင့် မကွေးတိုင်းအတွင်း လမ်းပိုင်းအချို့တွင် စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသဖြင့် မလိုအပ်ဘဲ ခရီးသွားလာခြင်းမပြုရန် PDFများ သတိပေး

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ လမ်းပိုင်းအချို့တွင် အကြမ်းဖက် စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသဖြင့် ပြည်သူများ မလိုအပ်ဘဲ ခရီးသွား လာခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေး အဖွဲ့များက မေတ္တာရပ်ခံသည်။

People's Spring
People's Spring

အရာတော်-မုံရွာ ကားလမ်းမအား အသုံးပြုသွားလာနေသော ပြည်သူများ အနေဖြင့် ယခုအခါ အကြမ်းဖက်စစ်ကောင်စီတပ်များသည် သံဃာတော်များ ၏ကားများ၊ အိမ်စီးကားများ၊ လူနာတင်ကားများ၊ လုပ်ငန်းသုံးယာဉ်များအား အသုံးပြု၍ သွားလာလှုပ်ရှားနေကြကြောင်း ကျွန်ုပ်တို့တပ်ဖွဲ့များ အနေဖြင့်အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်ရာတွင်
ပြည်သူလူထုအား ထိခိုက်မည့်ကိစ္စရပ်များကို ရှောင်ရှားလိုပါ၍ မိဘပြည်သူများအနေဖြင့် အရေးကြီးကျန်းမာရေးကိစ္စမှလွှဲ၍ အပြင်ထွက် သွားလာခြင်းမပြုကြပါရန်နှင့် အကယ်၍ မဖြစ်မနေသွားလာရပါက အကြမ်းဖက်စစ်ကောင်စီကားများနှင့် ကွဲပြားစေရန် ကားမှန်ချ ၍မောင်းခြင်း၊ မိုးကာမအုပ်ဘဲမောင်းနှင်ခြင်းများဖြင့် ကူညီကြရန်နှင့် အကြမ်းဖက်စစ်ကောင်စီ ကားဟု ယူဆရသောယာဉ်များနှင့် ကပ်မလိုက်ကြရန် Knights Of The Red Land (KORL)ပြောက်ကျားတပ်ဖွဲ့က မေတ္တာရပ်ခံအသိပေးသည်။

အလားတူ မကွေးတိုင်း ပခုက္ကူခရိုင်၊ မြိုင်နယ်အနောက်ပိုင်းဇုန်တွင် တိုက်ပွဲပြင်းထန်နေသဖြင့် ပြည်သူများအနေဖြင့် မလိုအပ်ဘဲခရီးသွားလာမှုများ မပြုလုပ်ရန်အထူး သတိပေးအပ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း PDFများ၏ အပြုအမူများ ရိုင်းပြခဲ့မိသည်ရှိသော် ခွင့်လွှတ်ပေး ကြပါရန် မေတ္တာရပ်ခံကြောင်း မြိုင်-နွေဦးတော်လှန်ရေးက အသိပေးသည်။

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းလမ်းပိုင်းအချို့တွင် အကြမ်းဖက်စစ်ကောင်စီအား ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မကြာခဏမိုင်းဆွဲတိုက်ခိုက် မှုများပြုလုပ်နေပြီး ပြည်သူများ ၏ကားများလည်း ကပ်လျက်လိုက်ပါလာခြင်း၊ ပြည်သူ့ကားအသွင် အယောင်ဆောင်သွား လာခြင်းများကြောင့် ခုခံတိုက်ခိုက်ရာတွင် အခက်အခဲများဖြစ် ပေါ်ခဲ့ကြောင်း ဒေသတွင်းPDF များက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

မတရားဖမ်းဆီး အကျဥ်းချခံထားရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်နိုင်ဖို့ ရည်မှန်းပြီးပြည်သူ့စစ်မဟာဗျူဟာနဲ့ စစ်ဆင်ရေးဖော်ဆောင်ပြီး စစ်တပ်စခန်းတွေ၊ ပျူစောထီးရွာတွေ နဲ့ စစ်တပ်အရာရှိယာဉ်တွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။