Connect with us

Hi, what are you looking for?

News

ရှိမ်းမလမ်းတွင် မိုင်းရှင်းလင်း​ရေးလာသည့် ပျူနှစ်ဦးမိုင်းဆွဲခံရပြီး​သေ

နတ်တောင်နဂါးတပ်ဖွဲ့ နှင့် (GHOST RIDER Spical Task Force BURMA) (shwebo District BATTALION-(15) လင်းယုန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်းလည်း ၎င်းက အသိပေးသည်။

People's Spring
People's Spring

ဝက်လက်မြို့ ရှိမ်းမလမ်းမပေါ်၌ အကြမ်းဖက်စစ်​ကောင်စီတပ်က မိုင်းရှင်းခိုင်းသည့် ပျူစောထီးနှစ်ဦးကို ​ထောင်ထားသည့်မိုင်းဖြင့် ​ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ (မတ်လ ၃၀) ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ မတ်လ ၂၈ရက် နံနက် ၇နာရီခန့်က ဝက်လက်မြို့၏ အရှေ့တောင်ဘက်အခြမ်းရှိ ရှိမ်းမကားလမ်းထွက်တွင် ပြည်သူ့ကာကွယ်ရေးတပ်များ မိုင်းထောင် ထားသည်ကို သိရှိပြီးနောက် အကြမ်းဖက်စစ်တပ်က ပျူစောထီးများကို မိုင်းရှင်းလင်းရန် စေလွှတ်ခဲ့သည်ဟု ဆိုသည်။

“ဒီကောင်တွေ မြို့ပြင်ကို မထွက်ရဲဘူး။ပတ်ပတ်လည်မှာ မိုင်းတွေရှိတော့ ကြောက်နေတာ။အခုလည်း သူတို့ကိုယ်တိုင်မလာရဲဘူး။ ဓားစားခံပျူစောထီးတွေကို လွှတ်တယ်။ ကျွန်တော်တို့လည်း အရင်ကလို စစ်ခွေးတွေနဲ့ အပေါင်းအပါတွေအားလုံးကို သက်ညှာတာတွေ မလုပ်နိုင်တော့ဘူး။သူတို့ မိုင်းဖော်ခါနီး ဆွဲချလိုက်တာ”ဟုနတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက People’s Springသို့ ပြောသည်။

နတ်တောင်နဂါးတပ်ဖွဲ့ နှင့် (GHOST RIDER Spical Task Force BURMA) (shwebo District BATTALION-(15) လင်းယုန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်းလည်း ၎င်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီအလိုကျ စစ်ကောင်စီနှင့်ပူးပေါင်းသူ မည်သူ့ကိုမှ သက်ညှာတာတော့မည်မဟုတ်ကြောင်းလည်း ထပ်ဆင့် သတိပေးသည်။

လက်ရှိတွင် ဝက်လက်မြို့ပေါ် ရဲစခန်း၌ အကြမ်းဖက်စစ်အုပ်စုမှ အင်အား ၅၀ခန့်ဖြင့် တပ်စွဲထားကြောင်းလည်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က ခရီးသွားတွေကို မိုင်းဆင်းရှာခိုင်းနေလို့ ပြည်သူတွေ အခက်တွေ့နေကြပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။