Connect with us

Hi, what are you looking for?

LuduNwayOo

News

ရှိမ်းမလမ်းတွင် မိုင်းရှင်းလင်း​ရေးလာသည့် ပျူနှစ်ဦးမိုင်းဆွဲခံရပြီး​သေ

နတ်တောင်နဂါးတပ်ဖွဲ့ နှင့် (GHOST RIDER Spical Task Force BURMA) (shwebo District BATTALION-(15) လင်းယုန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်းလည်း ၎င်းက အသိပေးသည်။

People's Spring
People's Spring

ဝက်လက်မြို့ ရှိမ်းမလမ်းမပေါ်၌ အကြမ်းဖက်စစ်​ကောင်စီတပ်က မိုင်းရှင်းခိုင်းသည့် ပျူစောထီးနှစ်ဦးကို ​ထောင်ထားသည့်မိုင်းဖြင့် ​ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ (မတ်လ ၃၀) ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ မတ်လ ၂၈ရက် နံနက် ၇နာရီခန့်က ဝက်လက်မြို့၏ အရှေ့တောင်ဘက်အခြမ်းရှိ ရှိမ်းမကားလမ်းထွက်တွင် ပြည်သူ့ကာကွယ်ရေးတပ်များ မိုင်းထောင် ထားသည်ကို သိရှိပြီးနောက် အကြမ်းဖက်စစ်တပ်က ပျူစောထီးများကို မိုင်းရှင်းလင်းရန် စေလွှတ်ခဲ့သည်ဟု ဆိုသည်။

“ဒီကောင်တွေ မြို့ပြင်ကို မထွက်ရဲဘူး။ပတ်ပတ်လည်မှာ မိုင်းတွေရှိတော့ ကြောက်နေတာ။အခုလည်း သူတို့ကိုယ်တိုင်မလာရဲဘူး။ ဓားစားခံပျူစောထီးတွေကို လွှတ်တယ်။ ကျွန်တော်တို့လည်း အရင်ကလို စစ်ခွေးတွေနဲ့ အပေါင်းအပါတွေအားလုံးကို သက်ညှာတာတွေ မလုပ်နိုင်တော့ဘူး။သူတို့ မိုင်းဖော်ခါနီး ဆွဲချလိုက်တာ”ဟုနတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက People’s Springသို့ ပြောသည်။

နတ်တောင်နဂါးတပ်ဖွဲ့ နှင့် (GHOST RIDER Spical Task Force BURMA) (shwebo District BATTALION-(15) လင်းယုန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်းလည်း ၎င်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီအလိုကျ စစ်ကောင်စီနှင့်ပူးပေါင်းသူ မည်သူ့ကိုမှ သက်ညှာတာတော့မည်မဟုတ်ကြောင်းလည်း ထပ်ဆင့် သတိပေးသည်။

လက်ရှိတွင် ဝက်လက်မြို့ပေါ် ရဲစခန်း၌ အကြမ်းဖက်စစ်အုပ်စုမှ အင်အား ၅၀ခန့်ဖြင့် တပ်စွဲထားကြောင်းလည်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ဆက်လက်၍ LLPDF အနေဖြင့် ပျူစောထီးစာရင်း၀င် သောင်းကျန်းသူများအား အလျဉ်း သင့်သလို တိုက်ခိုက်ရှင်းလင်းသွားမည်ဖြစ်ပြီး အသက်မဆုံးရှူံးလိုပါက လက်နက်နှင့်တ ကွ‌ လောင်းလုံး(ပကဖ)ထံ အလင်း၀င်ရောက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီယန္တရားတွင် ဆက်လက်ပါဝင်နေသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အချိန်မီဆင်ခြင်ရန်နှင့် စစ်မှုထမ်းကိစ္စ ဆောင်ရွက်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စာရင်းများလည်း ရရှိထားကြောင်း စလင်းပကဖက သတိပေးသည်။

သတင်း

အထက်ပါ ပျူခေါင်းဆောင်ဆိုသူအား ပစ်ခတ်ရှင်းလင်းသည့် စစ်ဆင်ရေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃ နှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

သတင်း

ရွာငံမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၅ရက်၊၁၇ရက်နှင့် ၁၉ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။