Connect with us

Hi, what are you looking for?

News

ချောင်းဦးနယ်တွင် ရွာပြင်ထွက်လာ​သော စစ်​ကောင်စီတပ်နှင့်ပျူများကိုတိုက်ခိုက်ရာ နှစ်ဦး​သေဟု PDF​ပြော

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများည် ကင်မွန်းတော်ကျေးရွာအတွင်း ပြန်လည်ဆုတ်ခွာထွက်ပြေးခဲ့ကြရပြီး အဆိုပါတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တွင် ​ကျေးရွာပြင်ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ ပျူစောထီးနှစ်ဦးသေဆုံးကြောင်း ချောင်းဦး PDFအဖွဲ့က သတင်းထုတ်ပြန်သည်။

ချောင်းဦးမြို့နယ် ကင်မွန်းတော်ကျေးရွာမှ အင်အား ၂၀ ခန့်ပါ အကြမ်းဖက်ပျူစောထီးများနှင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများများသည် မတ်လ ၂၈ရက် မွန်းလွဲ ၁နာရီခွဲခန့်က ရွာပြင်သို့ထွက်လာရာ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHU PDF)မှရဲဘော်များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများဘက်မှ နှစ်ဦးသေဆုံးကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(CHUPDF) က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများည် ကင်မွန်းတော်ကျေးရွာအတွင်း ပြန်လည်ဆုတ်ခွာထွက်ပြေးခဲ့ကြရပြီး အဆိုပါတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး ​ချောင်းဦးPDFထံ ​မေးမြန်းရာ ဆက်သွယ်​၍ မရ​သေး​​ပေ။

Public Service Announcement

Public Service Announcement

မတ်လ ၂၆ ရက်ကလည်း ချောင်းဦးမြို့နယ် ကံကြီးကုန်းကျေးရွာမှ သင်တန်းဆင်းအကြမ်းဖက်ပျူစောထီးများက ဝယာကျေးရွာအတွင်းသို့ဝင်ရောက်ရန် ချဥ်းကပ်လာစဥ် ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီးခြောက်ဦး သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိသွားကြောင်း မဟာမိတ်အဖွဲ့များက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။