Connect with us

Hi, what are you looking for?

News

ချောင်းဦးနယ်တွင် ရွာပြင်ထွက်လာ​သော စစ်​ကောင်စီတပ်နှင့်ပျူများကိုတိုက်ခိုက်ရာ နှစ်ဦး​သေဟု PDF​ပြော

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများည် ကင်မွန်းတော်ကျေးရွာအတွင်း ပြန်လည်ဆုတ်ခွာထွက်ပြေးခဲ့ကြရပြီး အဆိုပါတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တွင် ​ကျေးရွာပြင်ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ ပျူစောထီးနှစ်ဦးသေဆုံးကြောင်း ချောင်းဦး PDFအဖွဲ့က သတင်းထုတ်ပြန်သည်။

ချောင်းဦးမြို့နယ် ကင်မွန်းတော်ကျေးရွာမှ အင်အား ၂၀ ခန့်ပါ အကြမ်းဖက်ပျူစောထီးများနှင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများများသည် မတ်လ ၂၈ရက် မွန်းလွဲ ၁နာရီခွဲခန့်က ရွာပြင်သို့ထွက်လာရာ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHU PDF)မှရဲဘော်များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများဘက်မှ နှစ်ဦးသေဆုံးကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(CHUPDF) က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများည် ကင်မွန်းတော်ကျေးရွာအတွင်း ပြန်လည်ဆုတ်ခွာထွက်ပြေးခဲ့ကြရပြီး အဆိုပါတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး ​ချောင်းဦးPDFထံ ​မေးမြန်းရာ ဆက်သွယ်​၍ မရ​သေး​​ပေ။

Public Service Announcement

Public Service Announcement

မတ်လ ၂၆ ရက်ကလည်း ချောင်းဦးမြို့နယ် ကံကြီးကုန်းကျေးရွာမှ သင်တန်းဆင်းအကြမ်းဖက်ပျူစောထီးများက ဝယာကျေးရွာအတွင်းသို့ဝင်ရောက်ရန် ချဥ်းကပ်လာစဥ် ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီးခြောက်ဦး သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိသွားကြောင်း မဟာမိတ်အဖွဲ့များက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO)က ပုဒ်မ (၃၃)အရ စစ်ကောင်စီကိုအရေးယူဖို့ တောင်းဆိုတဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၀)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မြောင်မြို့‌ပေါ် လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ် သတိပေး

သတင်း

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ စစ်မှုထမ်းဖို့ လူစုပေးနေတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကျေးစာရေးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။