Connect with us

Hi, what are you looking for?

News

KNUနယ်မြေ၌တစ်ပတ်အတွင်း တိုက်ပွဲငယ်၃၀ခန့်ဖြစ်၊ စစ်ကောင်စီ ၂၆ဦးသေဟု ထုတ်ပြန်

င် ၁၅ရက်မှ ၂၂ရက်နေ့အထိ တိုက်ပွဲငယ် ၂၉ကြိမ်ရှိခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ တပ်ရင်းမှူးတစ်ဦး အပါ အဝင် ဒဏ်ရာရသူ ၃၅ဦးရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ကရင်ပြည်နယ် ဖာပွန်(မူတြော်)ခရိုင် ၌ တစ်ပတ်အတွင်း အာဏာသိမ်းစစ်ကောင်စီနှင့် တိုက်ပွဲငယ် ၂၉ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ဦးသေဆုံးကြောင်း တပ်မဟာ(၅)က ယနေ့ထုတ်ပြန်သည်။

ဇူလိုင် ၁၅ရက်မှ ၂၂ရက်နေ့အထိ တိုက်ပွဲငယ် ၂၉ကြိမ်ရှိခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ တပ်ရင်းမှူးတစ်ဦး အပါ အဝင် ဒဏ်ရာရသူ ၃၅ဦးရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့၏ ကား ၂စီး ပျက်စီးခဲ့သည်ဟု ဖော်ပြထားသည်။

တိုက်ပွဲဖြစ်စဉ်အတွင်း အရပ်သား တစ်ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် ကျွဲ ၅ကောင် ကျည်ထိမှန် သေဆုံးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဖာပွန်မြို့ဝင်တံတားတစ်ခုမိုင်းဖောက်ခွဲခံရ၍ ကျိုးကျ ပျက်စီး ခြင်းနှင့်ပတ်သက်ပြီးစစ်ကောင်စီက ဖာပွန်မြို့နေ လူငယ်အချို့ကို စွပ်စွဲထားကြောင်း၊ ထို့ပြင် ၎င်းလူငယ်များ၏ ဖခင်များကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်ကာ အကြပ်ကိုင်နေကြောင်း KNU တပ်မဟာ (၅)က ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF)တို့က စစ်ရေးလှုပ်ရှား မှုများ တိုးမြှင့်လုပ်ဆောင်လာ၍ တပ်မဟာ(၅) နယ်မြေတွင် နေ့စဉ်နီးပါးတိုက်ပွဲဖြစ်ပွားနေသည်ဟု တပ်မဟာ (၅)ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။