Connect with us

Hi, what are you looking for?

LuduNwayOo

News

အင်းစိန်းထောင်ရှိ ထိန်းသိမ်းခံရသူများ ကျန်းမာရေးစောင့်ရှောက်ခွင့်မရ၍ ဆူပူခြင်းဟု အေအေပီပီပြော၊ အကြမ်းဖက်ဖြိုခွင်းမှုမလုပ်ဘဲ ကိုင်တွယ်ဖြေရှင်းရန် တောင်းဆို

“အကြမ်းဖက်ဖြိုခွင်းမှာကို စိုးရိမ်တယ်။ ပြဿနာကို ပြေပြေလည်လည်နဲ့ ကိုင်တွယ်စေချင်တယ်။ နောက်ပြီး ထောင်ဝန်ထမ်းတွေပါတယ်လို့ကြားသိရပါတယ်။ သူတို့လည်း အကျဥ်းသားတွေနည်းတူခံစားနေရတယ်လို့ သိရပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

ရန်ကုန်မြို့ အင်းစိန်အကျဥ်းထောင်အတွင်းရှိ ဖမ်းဆီးထိန်းသိမ်းခံထားရသူများသည် ဖျားနာနေသည့်အတွက် ကျန်းမာရေးစောင့်ရှောက်ခံယူခွင့်ရရှိစေရန်အတွက် ဆူပူကြွေးကြော်နေခြင်းဖြစ်သည်ဟု ကြားသိထားကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။

“ထောင်ထဲမှာ ဖျားနာနေတာတွေရှိနေလို့ ကျန်းမာရေးစောင့်ရှောက်ခံခွင့်မရလို့ ရပိုင်ခွင့်ကိုတောင်းဆို နေကြတာလို့သိရပါတယ်”ဟု ကိုဘိုကြည်က ပြောသည်။

ဆူပူဆန္ဒပြမှုကြောင့် အကျဥ်းထောင်အတွင်းသို့ စစ်ကားများဝင်သွားသည်ဟု ထပ်မံကြားသိရကြောင်း ကိုဘိုကြည်က ပြောသည်။

“အကြမ်းဖက်ဖြိုခွင်းမှာကို စိုးရိမ်တယ်။ ပြဿနာကို ပြေပြေလည်လည်နဲ့ ကိုင်တွယ်စေချင်တယ်။ နောက်ပြီး ထောင်ဝန်ထမ်းတွေပါတယ်လို့ကြားသိရပါတယ်။ သူတို့လည်း အကျဥ်းသားတွေနည်းတူခံစားနေရတယ်လို့ သိရပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက်ပိုင်းတွင် အင်းစိန်အကျဥ်းထောင်းအတွင်း ဖမ်းဆီးထိန်းသိမ်းခံရ‌သောသူများသည် ‘သွေးသစ္စာ’ သီချင်းနှင့် အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများကို သံပြိုင်အော်ဟစ်၍ ဆူပူမှုပြုလုပ်နေခြင်း ဖြစ်သည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရသူများနှင့် ဒီချုပ်ပါတီဝင်အများစု ထိန်းသိမ်း ထားသော အင်းစိန်အကျဥ်းထောင်အတွင်း၌ ကိုဗစ်ရောဂါကူးစက်မှုမြင့်တက်နေကြောင်း လူမှုကွန်ရက်တွင် ပြောဆိုနေသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

သတင်း

ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီး ၃,၆၀၀ ကျော်ထဲမှာ ၈၃၅ ဦးဟာ ပြစ်ဒဏ်ချခံလိုက်ရတယ်လို့ မြန်မာအမျိုးသမီးများသမဂ္ဂက ဖော်ပြပါတယ်။

သတင်း

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာမှု အချက်အလက်ကို ဆက်လက်ကောက်ယူနေဆဲဖြစ်တယ်လို့AAPP က ဖော်ပြပါတယ်။

သတင်း

ပြီးခဲ့သည့် ဇွန်လ ၂၇ရက်တွင်ဒိုက်ဦး(ကျိုက်ဇကော)ထောင်မှ နိုင်ငံရေးအကျဉ်းသားများအား ထောင်ပြောင်းရွှေ့သည်ဟုဆိုကာ စစ်တပ်မှ ခေါ်ထုတ်သွားပြီးနောက် နိုင်ငံရေးအကျဉ်းသား (၃၇) ဦးမှာ ပျောက်ဆုံးနေခဲ့သည်။