Connect with us

Hi, what are you looking for?

News

အင်းစိန်းထောင်ရှိ ထိန်းသိမ်းခံရသူများ ကျန်းမာရေးစောင့်ရှောက်ခွင့်မရ၍ ဆူပူခြင်းဟု အေအေပီပီပြော၊ အကြမ်းဖက်ဖြိုခွင်းမှုမလုပ်ဘဲ ကိုင်တွယ်ဖြေရှင်းရန် တောင်းဆို

“အကြမ်းဖက်ဖြိုခွင်းမှာကို စိုးရိမ်တယ်။ ပြဿနာကို ပြေပြေလည်လည်နဲ့ ကိုင်တွယ်စေချင်တယ်။ နောက်ပြီး ထောင်ဝန်ထမ်းတွေပါတယ်လို့ကြားသိရပါတယ်။ သူတို့လည်း အကျဥ်းသားတွေနည်းတူခံစားနေရတယ်လို့ သိရပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

ရန်ကုန်မြို့ အင်းစိန်အကျဥ်းထောင်အတွင်းရှိ ဖမ်းဆီးထိန်းသိမ်းခံထားရသူများသည် ဖျားနာနေသည့်အတွက် ကျန်းမာရေးစောင့်ရှောက်ခံယူခွင့်ရရှိစေရန်အတွက် ဆူပူကြွေးကြော်နေခြင်းဖြစ်သည်ဟု ကြားသိထားကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။

“ထောင်ထဲမှာ ဖျားနာနေတာတွေရှိနေလို့ ကျန်းမာရေးစောင့်ရှောက်ခံခွင့်မရလို့ ရပိုင်ခွင့်ကိုတောင်းဆို နေကြတာလို့သိရပါတယ်”ဟု ကိုဘိုကြည်က ပြောသည်။

ဆူပူဆန္ဒပြမှုကြောင့် အကျဥ်းထောင်အတွင်းသို့ စစ်ကားများဝင်သွားသည်ဟု ထပ်မံကြားသိရကြောင်း ကိုဘိုကြည်က ပြောသည်။

“အကြမ်းဖက်ဖြိုခွင်းမှာကို စိုးရိမ်တယ်။ ပြဿနာကို ပြေပြေလည်လည်နဲ့ ကိုင်တွယ်စေချင်တယ်။ နောက်ပြီး ထောင်ဝန်ထမ်းတွေပါတယ်လို့ကြားသိရပါတယ်။ သူတို့လည်း အကျဥ်းသားတွေနည်းတူခံစားနေရတယ်လို့ သိရပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက်ပိုင်းတွင် အင်းစိန်အကျဥ်းထောင်းအတွင်း ဖမ်းဆီးထိန်းသိမ်းခံရ‌သောသူများသည် ‘သွေးသစ္စာ’ သီချင်းနှင့် အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများကို သံပြိုင်အော်ဟစ်၍ ဆူပူမှုပြုလုပ်နေခြင်း ဖြစ်သည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရသူများနှင့် ဒီချုပ်ပါတီဝင်အများစု ထိန်းသိမ်း ထားသော အင်းစိန်အကျဥ်းထောင်အတွင်း၌ ကိုဗစ်ရောဂါကူးစက်မှုမြင့်တက်နေကြောင်း လူမှုကွန်ရက်တွင် ပြောဆိုနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးလွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ဒေသအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ နယ်မြေမငြိမ်သက်တဲ့ကြားမှ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၂၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ လေကြောင်းအန္တရာယ် ပညာပေးဟောပြောပွဲနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၂၄) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကသာခရိုင်နဲ့ ယင်းမာပင်မြို့နယ်တွေမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ နယ်မြေမငြိမ်သက်တဲ့ကြားမှ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၂၃) မှာ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။