Connect with us

Hi, what are you looking for?

News

စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ နေအိမ်အချို့ပျက်စီး

မတ်လ ၂၃ ရက်ကလည်း တောင်ကြာအင်းကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့လို့ နေအိမ်တစ်လုံးထိခိုက်ပျက်စီးသွားခဲ့သေးပြီး လက်နက်ကြီးအချို့မှာ မပေါက်ကွဲသေးပဲ ကျန်ရှိနေသေးတယ်လို့ KHRG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကေအဲန်ယူ ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ် တောင်ကြာအင်းကျေးရွာထဲမှာ မနေ့ညက KNLA တပ်မဟာ ၆ နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကပစ်လိုက်တဲ့လက်နက်ကြီးကြောင့် ကျေးရွာအတွင်းက နေအိမ်အချို့ ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)ထံကနေ သိရပါတယ်။

မနေ့ညပိုင်းက တောင်ကြာအင်းကျေးရွာမှာ တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်တာကြောင့် အိမ်အချို့ထိမှန်ပျက်စီးသွားခဲ့တယ်လို့ KHRG ပြောခွင့်ရသူ စောနန္ဒဆူးက ဆိုပါတယ်။

Public Service Announcement

“ညတုန်းက တော်တော်ပြင်းထန်တယ်။ တိုက်ပွဲဖြစ်တာ”လို့ စောနန္ဒဆူးက ပြောပါတယ်။

ကျုံဒိုးမြို့နယ် တောင်ကြာအင်းကျေးရွာဘက်မှာ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲကြောင့် တောင်ကြာအင်းကျေးရွာက ရွာသားတွေဟာ တခြားရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီတွေလိုအပ်လျက်ရှိနေတယ်လို့ KHRG ရဲ့ ထုတ်ပြန်ထားတာပါ။

Public Service Announcement

Public Service Announcement

မတ်လ ၂၃ ရက်ကလည်း တောင်ကြာအင်းကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့လို့ နေအိမ်တစ်လုံးထိခိုက်ပျက်စီးသွားခဲ့သေးပြီး လက်နက်ကြီးအချို့မှာ မပေါက်ကွဲသေးပဲ ကျန်ရှိနေသေးတယ်လို့ KHRG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။