Connect with us

Hi, what are you looking for?

News

ဖာပွန်မြို့ရှိ တံတားတစ်စင်းအားဖျက်ဆီး၊ တပ်မဟာ(၅) ၏ တိုက်ခိုက်မှုကြောင့် နှစ်ရက်အတွင်း BGF နှင့် စစ်ကောင်စီ ၁၀ဦးထက်မနည်းသေ

မတ်လ ၃၀၌ပင် ကမမောင်းမှထွက်လာသည့် စစ်ကောင်စီတပ်၏ စစ်မြေပြင်ယန္တရားတပ်၏ ​ခြောက်ဘီးကားသုံးစီးအား နှစ်ကြိမ်စောင့်ဆိုင်းပစ်ခတ်ခဲ့ကြောင်း၊ ထိခိုက်ပျက်စီးမှု အသေးစိတ် မသိရသေးကြောင်း ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်မြို့ရှိ စစ်ကောင်စီတပ် လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာ ပို့ဆောင်ရန် အသုံးပြုသည့် တံတားတစ်စင်းအား ဖျက်ဆီးနိုင်ခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။

မတ်လ ၃၀ရက်က ဖာပွန်မြို့၊ ရှမ်းကိုင်းရပ်ကွက်ရှိတံတားကို ဖျက်ဆီးချေမှုန်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းနေ့၌ပင် ထီးကဆောမဲ(ဆင်စွယ်)ဒေသရှိ အကြမ်းဖက်စစ်ကောင်စီတပ်အတွက် ရိက္ခာပို့ ပြန်လာသည့် ကရင်နယ်ခြားစောင့်တပ်(BGF)တပ် ယာဉ်တန်းကို KNU တပ်မဟာ(၅) တပ်ဖွဲ့ဝင်များက စောင့်ဆိုင်းပစ်ခတ်ရာ BGF ကိုးဦး သေဆုံးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရမှုကို အတည်မပြုနိုင်သေးကြောင်း ဖော်ပြ သည်။

မတ်လ ၃၀၌ပင် ကမမောင်းမှထွက်လာသည့် စစ်ကောင်စီတပ်၏ စစ်မြေပြင်ယန္တရားတပ်၏ ​ခြောက်ဘီးကားသုံးစီးအား နှစ်ကြိမ်စောင့်ဆိုင်းပစ်ခတ်ခဲ့ကြောင်း၊ ထိခိုက်ပျက်စီးမှု အသေးစိတ် မသိရသေးကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မတ်လ ၃၁ရက်တွင်လည်း ဝါဒိုစိုးအခြေစိုက် စစ်ကောင်စီတပ်စခန်းအား တပ်မဟာ(၅) တပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးကြောင်း ဖော်ပြထားသည်။

KNU တပ်မဟာ(၅)နယ်မြေတွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက် ခံ BGF တပ်မှ တပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုများပြားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

မြေပြင်တိုက်ပွဲနဲ့ သင်္ဘောအုပ်စုအထိနာတဲ့အပြင် တံတားကိုစိုးမိုးထိန်းချုပ်နိုင်မှုမရှိတဲ့အခြေအနေမှာ ဗုံးကြဲခြင်းဖြစ်

သတင်း

ထိုင်းတရားရုံးကဖမ်းဝရမ်းထုတ်ထားတဲ့အာဏာသိမ်းစစ်တပ်လက် အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) အမှတ် (၄) ရဲ့တပ်န​ယ်မှုး ဗိုလ်မှုးချုပ်စောမုတ်သုန် လူမြင်ကွင်းကနေ ပျောက်သွားတာ တစ်လနီးပါးရှိလာပြီလို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။