Connect with us

Hi, what are you looking for?

News

စစ်ကောင်စီကို နည်းလမ်းပေါင်းစုံဖြင့် ခုခံတိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများ ပူးပေါင်းပါဝင်ပေးကြရန် ထားဝယ်(ပအဖ) မေတ္တာရပ်ခံ

ပြည်သူလူထု၏ အခက်အခဲများနှင့် လိုအပ်ချက်များကို နားလည်သော်လည်း အကြမ်းဖက် စစ်ကောင်စီက ပြည်သူလူထုအပေါ် ခုတုံးလုပ် အကာအကွယ်ယူ တိုက်ခိုက်နေမှုများအား ကာကွယ်နိုင်ရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

(စစ်အာဏာရှင်ဆန့်ကျင်ရေး ထားဝယ်လူထုသပိတ်မှ လူငယ်များက မီးတုတ်များကိုင် ဆန္ဒပြနေသည်ကို ဖေဖော်ဝါရီက တွေ့ရစဥ်၊ ဓာတ်ပုံ - တပ်ပေါင်းစုသပိတ်ကော်မတီ - ထားဝယ်)

အကြမ်းဖက်စစ်ကောင်စီကို နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်ခုခံတိုက်ခိုက်သွား မည်ဖြစ်၍ ပြည်သူများက ပူးပေါင်းပါဝင်ကူညီပေးကြရန် ထားဝယ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ မေတ္တာရပ်ခံထုတ်ပြန်သည်။

ပြည်သူလူထု၏ အခက်အခဲများနှင့် လိုအပ်ချက်များကို နားလည်သော်လည်း အကြမ်းဖက် စစ်ကောင်စီက ပြည်သူလူထုအပေါ် ခုတုံးလုပ် အကာအကွယ်ယူ တိုက်ခိုက်နေမှုများအား ကာကွယ်နိုင်ရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ပြည်သူများအနေဖြင့် နေ့စဉ်နှင့်အမျှ သွားလာလှုပ်ရှားရာတွင် အကြမ်းဖက် စစ်အုပ်စုများနှင့် ဝေးရာ ရှောင်ကွင်းသွားလာကြရန်နှင့် ညမထွက်ရအချိန် များတွင် သွားလာခြင်း၊ အကြမ်းဖက် စစ်အုပ်စုများ စခန်းချရာ နေရာများအနီး သွားလာခြင်း၊ မလိုအပ်ပဲ ခရီးသွားလာခြင်း၊ စစ်အုပ်စုမှ ဦးဆောင်ကျင်းပသည့် ပွဲလမ်းသဘင်များ၊ အခမ်းအနားများသို့ သွားလာခြင်းများ မပြုလုပ်ကြရန် ထားဝယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်သည်။

ထို့အပြင် အာဏာသိမ်းစစ်ကောင်စီ၏ ဝင်ငွေရလမ်းများဖြစ်သည့် စီးပွားရေးလုပ်ငန်းများ၊ ထုတ်ကုန်ပစ္စည်းများအား ဝယ်ယူသုံးစွဲခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ သယ်ယူပို့ဆောင်ပေး ခြင်းများ လုံးဝမပြုလုပ်ကြရန်လည်း တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ထားဝယ်မြို့နယ်အတွင်း စစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာအသီးသီးမှ Non CDM များ၊ စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်နေသူများ အနေဖြင့် ပြည်သူလူထုနှင့်အတူ ပူးပေါင်းပါဝင် ရပ်တည်ကြရန် အလေးထားတိုက်တွန်းထား သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။