Connect with us

Hi, what are you looking for?

News

ထားဝယ်-ထီးခီးလမ်းမပေါ်တွင် ဆီဘောက်ဆာကားနှစ်စီးမီးရှို့ဖျက်ဆီးခံရ

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် လေကြောင်းတိုက်ခိုက်မူများအတွက် ပင်လယ်ရေကြောင်းသာမက နယ်စပ်လမ်းကြောင်းများကပါ လေယာဉ်ဆီကို နည်းမျိုးစုံဖြင့်တင်သွင်းနေခြင်း ဖြစ်သည်။

(မီးရှို့ဖျက်ဆီးခံရ​သောစက်သုံးဆီယာဥ်နှစ်စီး ။ဓါတ်ပုံ-CJ)

ထားဝယ်-ထီးခီးလမ်းမပေါ်တွင် ဆီဘောက်ဆာကားနှစ်စီးမီးရှို့ဖျက်ဆီးခံရသည်ဟု ​ဒေသခံများက ပြောသည်။

ယနေ့(ဧပြီ ၁ ရက်)မနက်ပိုင်းတွင် ရမ္မဇူရွာနှင့် လိမ်ကြယ်ပြောင်ရွာကြားတွင် ဆီဘောက်ဆာကားနှစ်စီးကို မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်ဟု မျက်မြင်သက်သေများကပြောသည်။

အဆိုပါကားနှစ်စီးသည် လေယာဉ်ဆီတင်သွင်းသည်ဟု ယူဆချက်ဖြင့် မီးရှို့ခံရခြင်းဖြစ်ပြီး ကားကိုသာ မီးရှို့ခဲ့ခြင်းဖြစ်ပြီး ယာဥ်မောင်းသမားများမှာ ထိခိုက်မရှိခဲ့ဟု ဒေသခံတစ်ဦးက ပြောသည်။ မီးရှို့ဖျက်ဆီးခံရ​သော ကားနှစ်စီးတွင် မည်သည့်စက်သုံးဆီ ပါဝင်သည်ကို People’s Spring က အတည်မပြုနိုင်​ပေ။

“နေ့လယ်လောက် ကားနှစ်စီးကို မီးလောင်နေတာမြင်လိုက်ရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါကားနှစ်စီးသည် Aw Raကုန်သွယ်ရေးကုမ္ပဏီ အမှတ်တံဆိပ်ကို တွေ့ရပြီး LPG(ရေနံဓာတ်ငွေ့ရည်)ဟု ကားပေါ်တွင်ရေးသားထားသည်။ ကားမီးရှို့ခံရပြီး သုံးနာရီခန့်အကြာတွင် စစ်ကောင်စီတပ်သား ၂၀ ခန့်က ရမ္မဇူရွာကို ရောက်လာသည်ဟု ဒေသခံများကပြောသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် လေကြောင်းတိုက်ခိုက်မူများအတွက် ပင်လယ်ရေကြောင်းသာမက နယ်စပ်လမ်းကြောင်းများကပါ လေယာဉ်ဆီကို နည်းမျိုးစုံဖြင့်တင်သွင်းနေခြင်း ဖြစ်သည်။

ထိုသို့ သယ်ယူရာတွင် လေယာဉ်ဆီဟု အမည်မတက်ဘဲ အခြားလောင်စာဆီအမည်တက်၍တင်သွင်းနေသည်ဟု NUG၏ စီးပွားရေးဆိုင်ရာ ထောက်လှမ်ရေးညွန်ကြားရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးက မီဒီယာများကိုပြောကြားထားသည်။

ထားဝယ်-ထီးခီးလမ်းကြောင်းကို အသုံးပြုပြီး ထိုင်းနယ်စပ်မှ မြန်မာနိုင်ငံအတွင်းကို စစ်ကောင်စီက လေယာဉ်ဆီတင်သွင်းမည်ဟု သတင်းများကို မတ်လကုန်ပိုင်းကတည်းကထွက်ပေါ်နေခြင်းဖြစ်သည်။ ယခုမီးရှို့ခံရသည့် AwRa ကုမ္ပဏီ ဆီဘောင်ဆာကားများသည် မြဝတီအာရှလမ်းမကြီးတွင်လည်း လေယာဉ်ဆီတင်သွင်းသည်ဟုသော ယူဆချက်ဖြင့် နှစ်ကြိမ်တိုင်တိုင် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဒီလုပ်ရပ်အပေါ် Burma Research Institute (BRI)က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

သတင်း

မူးယစ်တိုက်ဖျက်ရေးတိုးမြှင့်ဖို့ သံသယဖြစ်ဖွယ်လှုပ်ရှားမှုတွေကို အကြောင်းကြားပေးဖို့ KNU ဖိတ်ခေါ်