Connect with us

Hi, what are you looking for?

LuduNwayOo

News

ထားဝယ်-ထီးခီးလမ်းမပေါ်တွင် ဆီဘောက်ဆာကားနှစ်စီးမီးရှို့ဖျက်ဆီးခံရ

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် လေကြောင်းတိုက်ခိုက်မူများအတွက် ပင်လယ်ရေကြောင်းသာမက နယ်စပ်လမ်းကြောင်းများကပါ လေယာဉ်ဆီကို နည်းမျိုးစုံဖြင့်တင်သွင်းနေခြင်း ဖြစ်သည်။

(မီးရှို့ဖျက်ဆီးခံရ​သောစက်သုံးဆီယာဥ်နှစ်စီး ။ဓါတ်ပုံ-CJ)

ထားဝယ်-ထီးခီးလမ်းမပေါ်တွင် ဆီဘောက်ဆာကားနှစ်စီးမီးရှို့ဖျက်ဆီးခံရသည်ဟု ​ဒေသခံများက ပြောသည်။

ယနေ့(ဧပြီ ၁ ရက်)မနက်ပိုင်းတွင် ရမ္မဇူရွာနှင့် လိမ်ကြယ်ပြောင်ရွာကြားတွင် ဆီဘောက်ဆာကားနှစ်စီးကို မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်ဟု မျက်မြင်သက်သေများကပြောသည်။

အဆိုပါကားနှစ်စီးသည် လေယာဉ်ဆီတင်သွင်းသည်ဟု ယူဆချက်ဖြင့် မီးရှို့ခံရခြင်းဖြစ်ပြီး ကားကိုသာ မီးရှို့ခဲ့ခြင်းဖြစ်ပြီး ယာဥ်မောင်းသမားများမှာ ထိခိုက်မရှိခဲ့ဟု ဒေသခံတစ်ဦးက ပြောသည်။ မီးရှို့ဖျက်ဆီးခံရ​သော ကားနှစ်စီးတွင် မည်သည့်စက်သုံးဆီ ပါဝင်သည်ကို People’s Spring က အတည်မပြုနိုင်​ပေ။

“နေ့လယ်လောက် ကားနှစ်စီးကို မီးလောင်နေတာမြင်လိုက်ရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါကားနှစ်စီးသည် Aw Raကုန်သွယ်ရေးကုမ္ပဏီ အမှတ်တံဆိပ်ကို တွေ့ရပြီး LPG(ရေနံဓာတ်ငွေ့ရည်)ဟု ကားပေါ်တွင်ရေးသားထားသည်။ ကားမီးရှို့ခံရပြီး သုံးနာရီခန့်အကြာတွင် စစ်ကောင်စီတပ်သား ၂၀ ခန့်က ရမ္မဇူရွာကို ရောက်လာသည်ဟု ဒေသခံများကပြောသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် လေကြောင်းတိုက်ခိုက်မူများအတွက် ပင်လယ်ရေကြောင်းသာမက နယ်စပ်လမ်းကြောင်းများကပါ လေယာဉ်ဆီကို နည်းမျိုးစုံဖြင့်တင်သွင်းနေခြင်း ဖြစ်သည်။

ထိုသို့ သယ်ယူရာတွင် လေယာဉ်ဆီဟု အမည်မတက်ဘဲ အခြားလောင်စာဆီအမည်တက်၍တင်သွင်းနေသည်ဟု NUG၏ စီးပွားရေးဆိုင်ရာ ထောက်လှမ်ရေးညွန်ကြားရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးက မီဒီယာများကိုပြောကြားထားသည်။

ထားဝယ်-ထီးခီးလမ်းကြောင်းကို အသုံးပြုပြီး ထိုင်းနယ်စပ်မှ မြန်မာနိုင်ငံအတွင်းကို စစ်ကောင်စီက လေယာဉ်ဆီတင်သွင်းမည်ဟု သတင်းများကို မတ်လကုန်ပိုင်းကတည်းကထွက်ပေါ်နေခြင်းဖြစ်သည်။ ယခုမီးရှို့ခံရသည့် AwRa ကုမ္ပဏီ ဆီဘောင်ဆာကားများသည် မြဝတီအာရှလမ်းမကြီးတွင်လည်း လေယာဉ်ဆီတင်သွင်းသည်ဟုသော ယူဆချက်ဖြင့် နှစ်ကြိမ်တိုင်တိုင် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

၂၀၂၃ ဩဂုတ်တွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်က ၁,၀၀၀အောက်အထိ ကျဆုံးခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာမှစ၍ တဖြေးဖြေး ပြန်မြင့်တက်လာခဲ့ရာ မတ်လအတွင်း နေအိမ် ၂,၈၃၁လုံး မီးရှို့ခံခဲ့ရကြောင်း အသိပေးသည်။

သတင်း

ရေမျက်နီရွာအတွင်း စစ်ကောင်စီတပ်အထိုင်ချထားသည့် ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ၂၀၂၃ ဒီဇင်ဘာအတွင်းက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု ကာကွယ်ခဲ့ရသည်။

သတင်း

နေအိမ်မီးလောင်၍ မီးငြှိမ်းသတ်သည့် ပြည်သူတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။