Connect with us

Hi, what are you looking for?

News

လေးကေ့ကော်ဒေသသို့ဝင်လာသည့် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိ ဒုတပ်ရင်းမှူးနှင့် တပ်သားတစ်ဦး အလင်းဝင်

အလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အတူပါလာသည့် လက်နက်ငယ်များမှာ MA -1 သေနတ် တစ်လက်၊ MA – 3 သေနတ်တစ်လက်၊ ပစ္စတိုတစ်လက်တို့ ဖြစ်ပြီး ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ကြီးတာပေါမှ လက်ခံရယူခဲ့သည်ဟု ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ လေးကေ့ကော်ဒေသသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အကြမ်းဖက် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိ ဒုတပ်ရင်းမှူးတစ်ဦးနှင့် စစ်သားတစ်ဦးသည် ကော်ဘရာစစ်ကြောင်းထံ လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း အဆိုပါ စစ်ကြောင်းက ယနေ့ထုတ်ပြန် သည်။

အကြမ်းဖက်စစ်ကောင်စီ ခမရ (၅၈၅) ဒု-တပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင် နှင့် တပ်သားဟိန်းမင်းထွေးတို့သည် ကော်ဘရာ စစ်ကြောင်းထံ အလင်းဝင်လာရာ ၎င်းတို့နှင့်အတူ လက်နက်ငယ် သုံးလက်ပါဝင်ကြောင်း ဖော်ပြထားသည်။ မည်သည့်နေ့ရက်တွင် အလင်းဝင်လာသည်ဆိုသည်ကို ဖော်ပြမထားပေ။

အလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အတူပါလာသည့် လက်နက်ငယ်များမှာ MA -1 သေနတ် တစ်လက်၊ MA – 3 သေနတ်တစ်လက်၊ ပစ္စတိုတစ်လက်တို့ ဖြစ်ပြီး ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ကြီးတာပေါမှ လက်ခံရယူခဲ့သည်ဟု ထုတ်ပြန်သည်။

ထိုသို့ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသော ပြည်သူ့ဘက်တော်သားများအား မိမိတို့စစ်ကြောင်းမှ လုံခြုံကောင်း မွန်စွာ စောင့်ရှောက်ပေးလျက်ရှိကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့်လည်း တပ်မတော်သားများ စစ်ကောင်စီ၏ အသုံးချခံအဖြစ်မှ ရုန်းထွက်ပြီး ပြည်သူနှင့်အတူ ရပ်တည်ကြရန် ယနေ့ တိုက်တွန်းချက်ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။