Connect with us

Hi, what are you looking for?

News

ရေလယ်ကျွန်း​​ဒေသ ဖြုံဘူးရွာကို စစ်​ကောင်စီတပ်စီးနင်း မီးရှို့ပြီး အမျိုးသမီးတစ်ဦးကို ပစ်သတ်သွား

အကြမ်းဖက်စစ်ကောင်စီတပ်သည် ယမန်နေ့ (ဧပြီ ၂ ရက်) ကတည်းက ရေလယ်ကျွန်းဒေသရှိ ကျေးရွာများသို့ အကြမ်းဖက်ဝင်ရောက်ဖျက်ဆီးမီးရှိူ့ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့သည့် သက်ကြီးရွယ်အိုနှစ်ဦးအား ပစ်သတ်ခဲ့သည်။

(ယနေ့နံနက်ပစ်ခတ်ခံရသူ အမျိုးသမီး၊ ဓာတ်ပုံ - ဒေသခံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသရှိ ဖြုံဘူးကျေးရွာသို့ ယနေ့နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်ဝင်ရောက် စီးနင်းဖျက်ဆီးမီးရှို့နေပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

ယနေ့(ဧပြီ ၃ ရက်) နံနက်ပိုင်းက ရေလယ်ကျွန်းဒေသရှိ ဖြုံဘူးကျေးရွာအား လက်နက်ကြီးငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ကာ ရွာလုံးကျွတ်နီးပါး မီးရှို့ပြီးနောက် အမျိုးသမီးတစ်ဦးလည်း ပစ်သတ်ခံရခြင်းဖြစ်ကြောင်း၊ သေဆုံးသူအမျိုးသမီးမှာ ကျောက်ဖူး​ကျေးရွာတွင်နေထိုင်သူဖြစ်ပြီး ဖြုံဘူး​ကျေးရွာသို့ ခေတ္တလာရောက်စဥ် စစ်တ​ပ်၏ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်​ကောင်စီတပ်သည် ရေလယ်ကျွန်းဒေသသို့ ဧပြီ ၂ ရက်မှစတင်ကာ စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင်လျက်ရှိကြောင်း၊ ပထမစစ်ကြောင်းသည် ဇရပ်နီ မှ ဆင်ခြေယာဘက်သို့ ဦးတည်နေကာ ဒုတိယစစ်ကြောင်းမှာ ဖြုံဖူးကျေးရွာမှ မဲကုန်းကျေးရွာသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့်ပစ်ကာ ဝင်ရောက်နေကြောင်း၊တတိယ စစ်ကြောင်းမှာ မင်းရွာကျေးရွာ အလယ်ဘုံကျောင်းတွင် တပ်စွဲလျက်ရှိနေပြီး မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်နှင့် ဝေးရာတွင် နေကြရန် ရေစကြိုနယ်အခြေစိုက် သိန်းငှက်ပြောက်ကျားအဖွဲ့က မေတ္တာရပ်ခံ အသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ယမန်နေ့ (ဧပြီ ၂ ရက်) ကတည်းက ရေလယ်ကျွန်းဒေသရှိ ကျေးရွာများသို့ အကြမ်းဖက်ဝင်ရောက်ဖျက်ဆီးမီးရှိူ့ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့သည့် သက်ကြီးရွယ်အိုနှစ်ဦးအား ပစ်သတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။