Connect with us

Hi, what are you looking for?

News

ရေလယ်ကျွန်း​​ဒေသ ဖြုံဘူးရွာကို စစ်​ကောင်စီတပ်စီးနင်း မီးရှို့ပြီး အမျိုးသမီးတစ်ဦးကို ပစ်သတ်သွား

အကြမ်းဖက်စစ်ကောင်စီတပ်သည် ယမန်နေ့ (ဧပြီ ၂ ရက်) ကတည်းက ရေလယ်ကျွန်းဒေသရှိ ကျေးရွာများသို့ အကြမ်းဖက်ဝင်ရောက်ဖျက်ဆီးမီးရှိူ့ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့သည့် သက်ကြီးရွယ်အိုနှစ်ဦးအား ပစ်သတ်ခဲ့သည်။

(ယနေ့နံနက်ပစ်ခတ်ခံရသူ အမျိုးသမီး၊ ဓာတ်ပုံ - ဒေသခံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသရှိ ဖြုံဘူးကျေးရွာသို့ ယနေ့နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်ဝင်ရောက် စီးနင်းဖျက်ဆီးမီးရှို့နေပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

ယနေ့(ဧပြီ ၃ ရက်) နံနက်ပိုင်းက ရေလယ်ကျွန်းဒေသရှိ ဖြုံဘူးကျေးရွာအား လက်နက်ကြီးငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ကာ ရွာလုံးကျွတ်နီးပါး မီးရှို့ပြီးနောက် အမျိုးသမီးတစ်ဦးလည်း ပစ်သတ်ခံရခြင်းဖြစ်ကြောင်း၊ သေဆုံးသူအမျိုးသမီးမှာ ကျောက်ဖူး​ကျေးရွာတွင်နေထိုင်သူဖြစ်ပြီး ဖြုံဘူး​ကျေးရွာသို့ ခေတ္တလာရောက်စဥ် စစ်တ​ပ်၏ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်​ကောင်စီတပ်သည် ရေလယ်ကျွန်းဒေသသို့ ဧပြီ ၂ ရက်မှစတင်ကာ စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင်လျက်ရှိကြောင်း၊ ပထမစစ်ကြောင်းသည် ဇရပ်နီ မှ ဆင်ခြေယာဘက်သို့ ဦးတည်နေကာ ဒုတိယစစ်ကြောင်းမှာ ဖြုံဖူးကျေးရွာမှ မဲကုန်းကျေးရွာသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့်ပစ်ကာ ဝင်ရောက်နေကြောင်း၊တတိယ စစ်ကြောင်းမှာ မင်းရွာကျေးရွာ အလယ်ဘုံကျောင်းတွင် တပ်စွဲလျက်ရှိနေပြီး မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်နှင့် ဝေးရာတွင် နေကြရန် ရေစကြိုနယ်အခြေစိုက် သိန်းငှက်ပြောက်ကျားအဖွဲ့က မေတ္တာရပ်ခံ အသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ယမန်နေ့ (ဧပြီ ၂ ရက်) ကတည်းက ရေလယ်ကျွန်းဒေသရှိ ကျေးရွာများသို့ အကြမ်းဖက်ဝင်ရောက်ဖျက်ဆီးမီးရှိူ့ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့သည့် သက်ကြီးရွယ်အိုနှစ်ဦးအား ပစ်သတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရှမ်းမြောက်က နောင်ချိုမြို့ကို ဝင်ရောက်လာတဲ့စစ်တပ်က မြို့ပေါ်မှာကျန်နေတဲ့ လူအနည်းငယ်ကို ဒန်ပေါက်ကျွေးပြီး ဝါဒဖြန့်စည်းရုံးနေကာ တဖက်မှာလည်း စစ်ဘေးရှောင်ကြတဲ့ လူမရှိတဲ့နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတယ်လို့ နောင်ချိုမြို့ခံတွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ရှပ်ပုံရွာတွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးနှင့် ဗုံးသီးထိမှန်ပြီး နှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီက ယနေ့ (ဇူလိုင် ၁၈ရက်)ညနေ ကျောင်းဆင်းချိန်၌ စာသင်ကျောင်းအနီးအား လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားငါးဦး ဒဏ်ရာရခဲ့ပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများအနီး မိုင်းများထောင်ထားပြီး ယနေ့(ဇူလိုင် ၁၈ရက်) နေ့လည်ပိုင်းတွင် အမျိုးသားတစ်ဦးမိုင်းနင်းမိ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။