Connect with us

Hi, what are you looking for?

News

သင်္ကြန်ကာလအတွင်း စစ်ရေးလှုပ်ရှားမှုများ အရှိန်မြှင့်လုပ်ဆောင်မည်၍ ပြည်သူများ မဏ္ဍပ်များရှိရာသို့ မသွားကြရန် မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သတိ​ပေး

“မန္တလေးတိုင်းအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းနေသယောင် သင်္ကြန်ပွဲတော်ပြုလုပ်မည့်နေရာများသို့ ပြည်သူများအနေဖြင့် သွားရောက်လည်ပတ်ခြင်းမပြုလုပ်ပါရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်”ဟု ထုတ်ပြန်သည်။

သင်္ကြန်ပွဲ​တော်ကာလအတွင်း စစ်ရေးလှုပ်ရှားမှုများ အရှိန်မြှင့်လုပ်ဆောင်မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် သင်္ကြန်ပွဲတော်ပြုလုပ်မည့်နေရာများကို သွား​ရောက်လည်ပတ်ခြင်းမပြုရန် မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က သတိ​ပေးထုတ်ပြန်သည်။

“မန္တလေးတိုင်းအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းနေသယောင် သင်္ကြန်ပွဲတော်ပြုလုပ်မည့်နေရာများသို့ ပြည်သူများအနေဖြင့် သွားရောက်လည်ပတ်ခြင်းမပြုလုပ်ပါရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်”ဟု ထုတ်ပြန်သည်။

Public Service Announcement

မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် အနေဖြင့် စစ်အုပ်စု၏ ဝါဒဖြန့်မှု မအောင်မြင်‌စေရန် ရည်ရွယ်၍ သင်္ကြန်ကာလအတွင်း စစ်ရေးလှုပ်ရှားမှုများကို အရှိန်မြှင့်လုပ်ဆောင်မည်ဟု ထုတ်ပြန်ထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် သင်္ကြန်မဏ္ဍပ်များရှိရာသို့ လည်ပတ်ခြင်း ၊ KTV ၊ Private Club များတွင် စုစည်း၍ ပျော်ပွဲ၊ရွှင်ပွဲများပြုလုပ်ခြင်းနှင့် လူစည်ကားရာ နေရာများသို့ သွားရောက် ရေဆော့ကစားခြင်းများကို အထူးရှောင်ရှားရန်လည်း မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ရန်ကုန်တိုင်းအပါအဝင် တစ်နိုင်ငံလုံးတွင်လည်း သင်္ကြန်ကာလ၌ သင်္ကြန်ပွဲတော်များကို မပါဝင်ဘဲ သပိတ်မှောက်ရန် တော်လှန်ရေး အင်အားစုများက ​မေတ္တာရပ်ခံ ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။