Connect with us

Hi, what are you looking for?

News

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းကို KIA မိုင်းဆွဲတိုက်ခိုက်

စစ်ကောင်စီတပ်များက ၁နာရီခန့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး KIA တပ်များက ခဏသာ ပစ်ခတ်ပြီး ပြန်လည်ဆုတ်ခွာသွားသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လဝါးကျေးရွာအုပ်စု လဂေါင်ကထောင်​​ကျေးရွာအနီး တောအတွင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ နေ့လယ်ပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဖားကန့်ဒေသခံ တစ်ဦးက ပြောသည်။

“ကျွန်တော်ကြားသလောက်တော့ တနိုင်းကနေ လိုင်ဇာဘက်ကို တပ်ချိန်းဖို့ အဲဒါ ဟိုတစ်နေ့က ဆင်းသွားတာ။ နှစ်ရက်ရှိပြီပေါ့။ အဲဒီဆင်းသွားပြီးမှ ရှဒူးဇွပ် (၂၉၇) တပ်ရင်းကနေပြီး ကားလေးသုံးစီး၊ ကားကြီး သုံးစီးနဲ့ ဆင်းသွားတာ ဒွန်ဘန်(၂၉၈)မှာရောက်တယ်။ အဲဒီကနေ ခြေလျင်နဲ့ တောထဲဝင်ပြီးမှ ဖြတ်သွားတာ လဝါးကျေးရွာအုပ်စု လဂေါင်ရဲ့အရှေ့ဘက်ခြမ်း တောမှာ မိုင်းဆွဲတယ်တဲ့ KIA ဘက်က”ဟု ၎င်းက ပြောသည်။

Public Service Announcement

ထိုသို့ တိုက်ခိုက်မှုကြောင့် နှစ်ဖက်တပ်ဖွဲ့ဝင်များ ထိခိုက် ကျဆုံးမှု အခြေနေကို မသိရသေးကြောင်း၊ တောထဲ၌ ဖြစ်၍ ရွာသူရွာသားများ ထိခိုက်မှုမရှိကြောင်း ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်များက ၁နာရီခန့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး KIA တပ်များက ခဏသာ ပစ်ခတ်ပြီး ပြန်လည်ဆုတ်ခွာသွားသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

KIAနှင့် စစ်ကောင်စီတပ်တို့သည် ယမန်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း မုံးဘော်ဒေသ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook