Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းကို KIA မိုင်းဆွဲတိုက်ခိုက်

စစ်ကောင်စီတပ်များက ၁နာရီခန့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး KIA တပ်များက ခဏသာ ပစ်ခတ်ပြီး ပြန်လည်ဆုတ်ခွာသွားသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လဝါးကျေးရွာအုပ်စု လဂေါင်ကထောင်​​ကျေးရွာအနီး တောအတွင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ နေ့လယ်ပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဖားကန့်ဒေသခံ တစ်ဦးက ပြောသည်။

“ကျွန်တော်ကြားသလောက်တော့ တနိုင်းကနေ လိုင်ဇာဘက်ကို တပ်ချိန်းဖို့ အဲဒါ ဟိုတစ်နေ့က ဆင်းသွားတာ။ နှစ်ရက်ရှိပြီပေါ့။ အဲဒီဆင်းသွားပြီးမှ ရှဒူးဇွပ် (၂၉၇) တပ်ရင်းကနေပြီး ကားလေးသုံးစီး၊ ကားကြီး သုံးစီးနဲ့ ဆင်းသွားတာ ဒွန်ဘန်(၂၉၈)မှာရောက်တယ်။ အဲဒီကနေ ခြေလျင်နဲ့ တောထဲဝင်ပြီးမှ ဖြတ်သွားတာ လဝါးကျေးရွာအုပ်စု လဂေါင်ရဲ့အရှေ့ဘက်ခြမ်း တောမှာ မိုင်းဆွဲတယ်တဲ့ KIA ဘက်က”ဟု ၎င်းက ပြောသည်။

Public Service Announcement

ထိုသို့ တိုက်ခိုက်မှုကြောင့် နှစ်ဖက်တပ်ဖွဲ့ဝင်များ ထိခိုက် ကျဆုံးမှု အခြေနေကို မသိရသေးကြောင်း၊ တောထဲ၌ ဖြစ်၍ ရွာသူရွာသားများ ထိခိုက်မှုမရှိကြောင်း ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်များက ၁နာရီခန့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး KIA တပ်များက ခဏသာ ပစ်ခတ်ပြီး ပြန်လည်ဆုတ်ခွာသွားသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

KIAနှင့် စစ်ကောင်စီတပ်တို့သည် ယမန်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း မုံးဘော်ဒေသ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။