Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံသားဖြစ်မှုရုပ်သိမ်းကြောင်းကြေညာခြင်းအပေါ် NUG ပြင်းထန်စွာရှုတ်ချ

စစ်အုပ်စုက ယင်းသို့ နိုင်ငံသားဖြစ်မှုရုပ်သိမ်းခြင်းဖြင့် ဒီမိုကရေစီ ဘက်တော် သားများကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်စေမည်ဟု တွေးထင်နေသော်လည်း လက်တွေ့တွင် ၎င်းတို့ တွေးထင်နေသကဲ့သို့ မဖြစ်ဟု NUG က ထုတ်ပြန်သည်။

(ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူ များအား စစ်ကောင်စီလက်ပါးစေများက လိုက်လံပစ်ခတ် ဖြိုခွင်းနေစဥ်)

အကြမ်းဖက်စစ်အုပ်စုက အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင်များနှင့် ထင်ရှားကျော်ကြား သော ဒီမိုကရေစီဘက်တော်သားများကို နိုင်ငံသားဖြစ် မှုရုပ်သိမ်းကြောင်းကြေညာခြင်းအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း NUG တရားရေးဝန်ကြီးဌာနက ယမန်နေ့ ထုတ်ပြန်လိုက်သည်။

စစ်အုပ်စု၏ လုပ်ရပ်သည် မြန်မာနိုင်ငံသားဥပဒေကို အလွဲသုံးစားပြုခြင်းဖြစ်ပြီး နိုင်ငံတကာ ဥပဒေများအရသော်လည်းကောင်း၊ မြန်မာနိုင်ငံသားဥပဒေအရ သော်လည်းကောင်း အကျုံးမဝင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အကြမ်းဖက်စစ်အုပ်စုက NUG အဖွဲ့ဝင်များနှင့် ဒီမိုကရေစီဘက်တော်သားများ ကို နိုင်ငံရေး တိုက်ခိုက်မှုပြုလုပ်ခြင်းသာဖြစ်ပြီး ၎င်းတို့ ကိုးကားသော နိုင်ငံသားဥပဒေပုဒ်မ ၁၆ နှင့် ၁၇ လုပ်ပိုင် ခွင့်မှာ မြန်မာနိုင်ငံသားတစ်ဦးက အခြားနိုင်ငံတစ်ခုတွင် နိုင်ငံသားခံယူပြီး အခြေချနေ ထိုင်မှသာ အကျုံးဝင်မည် ဟု NUG တရားရေးဝန်ကြီးဌာနက တုံ့ပြန်သည်။

“အကြမ်းဖက်စစ်အုပ်စုသည် မြေပြင် တိုက်ပွဲများတွင် အကြိမ်ကြိမ် ထိခိုက် နစ်နာနေရသဖြင့် ယခုကဲ့သို့လုံး၀အခြေအမြစ်မရှိသည့် ထုတ်ပြန်ချက်ဖြင့် တိုက်ခိုက်ခြင်း ဖြစ်သည်မှာ သိသာထင်ရှားလျှက်ရှိသည်။ ယခုကဲ့သို့တိုက်ခိုက်မူသည် မည်သို့မျှ တရားမဝင်ကြောင်း ကိုလည်း စစ်အုပ်စုမှသိရှိပြီး ဖြစ်သည်” ဟု တရားရေးဝန်ကြီး ဦးသိန်းဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လက်ရှိမြန်မာနိုင်ငံသားဥပဒေကို ပယ်ဖျက်ကာ အသစ်ပြန်လည်ရေး ဆွဲသွားမည်ဟု ၎င်းက ဆက်ပြောသည်။

စစ်အုပ်စုက ယင်းသို့ နိုင်ငံသားဖြစ်မှုရုပ်သိမ်းခြင်းဖြင့် ဒီမိုကရေစီ ဘက်တော် သားများကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်စေမည်ဟု တွေးထင်နေသော်လည်း လက်တွေ့တွင် ၎င်းတို့ တွေးထင်နေသကဲ့သို့ မဖြစ်ဟု NUG က ထုတ်ပြန်သည်။

မြန်မာနိုင်ငံတော်သစ်တွင် ငြိမ်းချမ်းမှုနှင့် တရားမျှတမှု ယူဆောင်လာချိန်၌ စစ်အုပ်စုအဖွဲ့ဝင် များကို နိုင်ငံသားဖြစ်မှု ရုပ်သိမ်းမည်မဟုတ်ဘဲ စစ်အုပ်စု ကျူးလွန်ခဲ့သမျှ စစ်ရာဇဝတ်မူများနှင့် ရက်စက်ယုတ်မာမူများအား ထိရောက်စွာ အရေးယူ အပြစ်ပေးနိုင်မည့် တရားစီရင်မူကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ 81 လျှပ်စစ်ပစ္စည်းကုမ္ပဏီရဲ့ အားကစားဝတ်စုံနဲ့ ဒီက​နေ့ပြေးခဲ့တဲ့အမျိုးသားတစ်ဦးကို စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်