Connect with us

Hi, what are you looking for?

News

စစ်ကောင်စီအား အထိနာစေသည့် တိုက်ခိုက်မှုတွင် ကလောအခြေစိုက်ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်နှစ်ဦးကျဆုံး

လက်နက်အင်အားမမျှတမှုကြောင့် ကျဆုံးခဲ့ရသောရဲဘော်များ၏ တော်လှန်ရေးစိတ်ဓါတ်ပြင်းပြမှုကို လေးစားကြောင်းနှင့် ကျန်ရဲ​ဘော်များက တော်လှန်ရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

▪️သွေးကြွေးဆပ်မည်ဟု အောင်ပန်းမြို့ပြပြောက်ကျား တပ်စု ​ကြေညာ

ရှမ်းပြည်နယ်​တောင်ပိုင်း ပင်းတယမြို့ပေါ် တွင် အကြမ်းဖက်စစ်ကောင်စီအား ပစ်ခတ်တိုက်ခိုက်စဥ် ကျဆုံးခဲ့သည့် ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးမှာ ကလောမြို့နယ်အခြေစိုက် ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သော Underground Revolution – UGRအဖွဲ့မှဖြစ်ကြောင်း အသိ​ပေးထုတ်ပြန်သည်။

ဧပြီ ၄ရက် ညနေ ၂နာရီ၃၀ခွဲခန့်က ပင်းတယမြို့အရှေ့ဘက်အထွက် ရွာငယ်တံတားဂိတ်အနီးမှ အကြမ်းဖက်စစ်ကောင်စီတပ်ကို လူငယ်နှစ်ဦးက သွားရောက်တိုက်ခိုက်စဥ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ကျဆုံးခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဥ်တွင် အကြမ်းဖက်စစ်ကောင်စီဘက်ကလည်း နှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။ ကျဆုံးသူလူငယ်နှစ်ဦးမှာ ကလောမြို့နယ်အခြေစိုက် ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သော Underground Revolution – UGRအဖွဲ့မှဖြစ်ကြောင်း
အောင်ပန်းမြို့ပြပြောက်ကျားတပ်စု – UTF-ABN က ယဧပြီ ၅ရက်တွင် ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

လက်နက်အင်အားမမျှတမှုကြောင့် ကျဆုံးခဲ့ရသောရဲဘော်များ၏ တော်လှန်ရေးစိတ်ဓါတ်ပြင်းပြမှုကို လေးစားကြောင်းနှင့် ကျန်ရဲ​ဘော်များက တော်လှန်ရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

ထို့အပြင် ကျဆုံးရဲဘော်နှစ်ဦးအတွက် ‌သွေးကြွေးကိုလည်း ပြန်လည်ရယူမည်ဟု ကတိသစ္စာပြုကြောင်း အောင်ပန်းမြို့ပြပြောက်ကျားတပ်စုက ထုတ်ပြန်ထားသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယနှင့် ရွာငံတွင်
ပင်းတယမြို့ပြပြောက်ကျားတပ်ဖွဲ့ (UGP)နှင့် ရွာငံပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF) ရှိပြီး ဧပြီ ၄ရက်က တိုက်ခိုက်မှုကို UGP ရောYPDFပါ ကြိုတင်မသိခဲ့ပေ။

” ရဲဘော်နှစ်ယောက်ကျဆုံးတယ်ဆိုလို့ ပြန်စိစစ်တော့ ဒီဘက်(UGP နှင့်YPDF)ကမဟုတ်လို့ အံ့သြနေတာ။ ကလောက လာတိုက်ခိုက်တယ်ဆိုတာ ထုတ်ပြန်မှ သိရတယ်။ရဲဘော်တွေက စစ်ခွေးတွေကို တွေ့ရာနေရာမှာ တိုက်ခိုက်ချင်နေကြတဲ့အထိ စိတ်အားထက်သန်နေတာ”ဟု ရွာငံဒေသခံတစ်ဦးက ပြောသည်။

‌ကျဆုံးပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးကို စစ်ကောင်စီက ပင်းတယဆေးရုံတွင် ထားရှိပြီး ဆေးရုံကို လုံခြုံရေးတင်းကြပ်ထားသည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။