Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ် ပြစ်ဒဏ်ပေးခြင်း ကင်းလွတ်ခွင့်ရနေမှု အဆုံးသတ်နိုင်ရေး အမေရိကန်နှင့် NUG ဆွေးနွေး

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်သို့ရောက်ရှိနေရာ လူ့အခွင့်အရေးအရေးပါမှု၊ နိုင်ငံတဝန်း ရက်စက်ယုတ်မာမှုပြုကျင့်ခံရသူအားလုံးအတွက် တရားမျှတမှု စသည်တို့ကိုလည်း ကမ္ဘာလုံးဆိုင်ရာရာဇဝတ်မှုတရားမျှတရေးရုံးက NUGကိုယ်စားလှယ်များနှင့်ဆွေးနွေးခဲ့သည်။

မြန်မာစစ်တပ်၏ ရက်စက်ယုတ်မာမှုများအတွက် ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်ခွင့်ရနေမှုကို အဆုံးသတ်နိုင်ရေးအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ကမ္ဘာလုံးဆိုင်ရာရာဇဝတ်မှုတရားမျှတရေးရုံးက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်များနှင့် ယမန်နေ့တွင် တွေ့ဆုံဆွေးနွေးသည်။

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်သို့ရောက်ရှိနေရာ လူ့အခွင့်အရေးအရေးပါမှု၊ နိုင်ငံတဝန်း ရက်စက်ယုတ်မာမှုပြုကျင့်ခံရသူအားလုံးအတွက် တရားမျှတမှု စသည်တို့ကိုလည်း ကမ္ဘာလုံးဆိုင်ရာရာဇဝတ်မှုတရားမျှတရေးရုံးက NUGကိုယ်စားလှယ်များနှင့်ဆွေးနွေးခဲ့သည်။

“အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ကမ္ဘာလုံးဆိုင်ရာ ရာဇ၀တ်မှုနှင့်တရားမျှတမှုဆိုင်ရာ သံအမတ်ကြီးနဲ့ တွေ့ဆုံပြီး ရိုဟင်ဂျာများအ​ပေါ် လူမျိုးတုန်းသတ်ဖြတ်မှုအား အကြမ်းဖက်စစ်တပ်က ကျူးလွန်​ကြောင်းကို အ​မေရိကန်အစိုးရက လက်ခံကြေညာခဲ့အပြီး တရားမျှတမှု ဖော်​​ဆောင်နိုင်ရေးအတွက် NUGက ပူး​ပေါင်းလုပ်​ဆောင်သွားမဲ့အ​ကြောင်း ​ဆွေး​နွေးခဲ့ပါတယ်”ဟု NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက အသိပေးထားသည်။

အထက်ပါ NUG ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်အတွင်း အမေရိကန်အစိုးရထိပ်တန်းတာဝန်ရှိသူ များ၊ လွှတ်တော်အမတ်များနှင့် တွေ့ဆုံကာ လူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာစစ်တပ်၏ ကျူးလွန်မှုများနှင့်ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် ဆွေးနွေးသွားမည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။