Connect with us

Hi, what are you looking for?

News

မုံရွာ – မန္တ​လေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရ

အဆိုပါကိစ္စနှင့်ပတ်သက်၍ Myaung Women Warriors-M2Wအဖွဲ့အပါအဝင် ပါဝင်ခုခံတိုက်ခိုက်ခဲ့သည့်အဖွဲ့များအား ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

▪️အမျိုးသမီးစစ်သည်တော်တပ်ရင်း(မြောင်)-M2W ထုတ်လုပ်သော ပဒေသာမိုင်းဖြင့် တော်လှန်သင်္ကြန်အကြိုဟုဆို

​စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ယာဥ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက်မှုများရှိနိုင်ကြောင်း Myaung Women Warriors- M2Wက သတင်းထုတ်ပြန်သည်။

ယနေ့ (ဧပြီ ၇)ရက် နံနက် ၂နာရီခွဲအချိန်တွင် ချောင်းဦးဘက်မှ မုံရွာ-မန္တလေး ကားလမ်းကြီးအတိုင်း သွားလာနေသော စစ်ကောင်စီ၏ ယာဥ်တန်းအား နတ်ရေကန်နှင့် ငါးယှန်အကြားတွင် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး နှင့် လုံခြုံရေးအဖွဲ့-CDSOM၊Myaung Union Army နှင့် စစ်ကိုင်းခရိုင်တပ်ရင်း-၂ တပ်ခွဲ (၁)တို့ ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မိုင်းစစ်ဆင်ရေးတွင် အမျိုးသမီးစစ်သည်တော်တပ်ရင်း(မြောင်)-M2W မှ ထုတ်လုပ်သော ပဒေသာမိုင်း ဖြင့် တော်လှန်သင်္ကြန်အကြိုအနေဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အဆိုပါယာဥ်တန်းအနက်မှ ကားနှစ်စီး ပျက်စီးသွားသည်ကို အတည်ပြုနိုင်၍ အသေအပျောက်စာရင်း နှင့် ဒဏ်ရာရ စာရင်းကို သိရှိနိုင်စေရန် ဆက်လတ်စုံစမ်းနေဆဲပင် ဖြစ်ကြောင်း Myaung Women Warriors- M2W က သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Myaung Women Warriors-M2Wက ယခင်မိုင်းထုတ်လုပ်နေသော ပုံကို ထုတ်ပြန်အသိပေးထားပြီး ယနေ့အသုံးပြုသော မိုင်းမှာ ပဒေသာမိုင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ Myaung Women Warriors-M2Wအဖွဲ့အပါအဝင် ပါဝင်ခုခံတိုက်ခိုက်ခဲ့သည့်အဖွဲ့များအား ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

မုံရွာ-မန္တလေးလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသတွင်းမဟာမိတ်တပ်များက ခုခံတိုက်ခိုက်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။