Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒေါညေးခူရွာ ကင်းစောင့်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သုံးဦးသေ

မတ်လနောက်ဆုံးပတ်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်သည် ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးမှုများစတင်ခဲ့ပြီးနောက် ကရင်နီပူးပေါင်းတပ်များနှင့် မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိနေသည်။

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာအတွင်း ကင်းစောင့်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ သုံးဦးသေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း- ၁၅က ထုတ်ပြန်သည်။

ယနေ့(ဧပြီ ၇ရက်) နံနက် ၉နာရီခန့်တွင် ကရင်နီတပ်မတော်(KA)နှင့်အတူ KNDFပူးပေါင်းတပ်ဖွဲ့တို့မှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ် ဦးသေဆုံးကာ ကရင်နီပူးပေါင်းတပ်မှ တစ်စုံတစ်ရာထိခိုက်မှုမရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

မတ်လနောက်ဆုံးပတ်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်သည် ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးမှုများစတင်ခဲ့ပြီးနောက် ကရင်နီပူးပေါင်းတပ်များနှင့် မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိနေသည်။

Public Service Announcement

Public Service Announcement

ယခုလ ၃ရက်နှင့် ၄ရက်တို့တွင် ကဒါးလားကျေးရွာအနီး တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်သား ​ခြောက်ဦးသေ ဆုံးခဲ့သည်။

စစ်ရေးအခြေအနေအရ ဖရူဆိုမြို့နယ်ထီးပေါ်ဆိုအုပ်စုအတွင်းပြည်သူများ သွားလာခြင်းမပြုလုပ်ကြပါရန် သတိပေးထားသည်။

ထို့အပြင် ဒီးမော့ဆိုမြို့နယ်မှတစ်ဆင့် ဖရူဆိုမြို့နယ်သို့ စစ်အင်အား ဖြည့်တင်းထောက်ပံ့ရန် အကြမ်းဖက်စစ်ကောင်စီကကြိုးစားနေသည်ဟုလည်း KNDFက အသိ ပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။