Connect with us

Hi, what are you looking for?

News

ဒေါညေးခူရွာ ကင်းစောင့်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သုံးဦးသေ

မတ်လနောက်ဆုံးပတ်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်သည် ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးမှုများစတင်ခဲ့ပြီးနောက် ကရင်နီပူးပေါင်းတပ်များနှင့် မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိနေသည်။

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာအတွင်း ကင်းစောင့်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ သုံးဦးသေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း- ၁၅က ထုတ်ပြန်သည်။

ယနေ့(ဧပြီ ၇ရက်) နံနက် ၉နာရီခန့်တွင် ကရင်နီတပ်မတော်(KA)နှင့်အတူ KNDFပူးပေါင်းတပ်ဖွဲ့တို့မှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ် ဦးသေဆုံးကာ ကရင်နီပူးပေါင်းတပ်မှ တစ်စုံတစ်ရာထိခိုက်မှုမရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

မတ်လနောက်ဆုံးပတ်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်သည် ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးမှုများစတင်ခဲ့ပြီးနောက် ကရင်နီပူးပေါင်းတပ်များနှင့် မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိနေသည်။

Public Service Announcement

Public Service Announcement

ယခုလ ၃ရက်နှင့် ၄ရက်တို့တွင် ကဒါးလားကျေးရွာအနီး တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်သား ​ခြောက်ဦးသေ ဆုံးခဲ့သည်။

စစ်ရေးအခြေအနေအရ ဖရူဆိုမြို့နယ်ထီးပေါ်ဆိုအုပ်စုအတွင်းပြည်သူများ သွားလာခြင်းမပြုလုပ်ကြပါရန် သတိပေးထားသည်။

ထို့အပြင် ဒီးမော့ဆိုမြို့နယ်မှတစ်ဆင့် ဖရူဆိုမြို့နယ်သို့ စစ်အင်အား ဖြည့်တင်းထောက်ပံ့ရန် အကြမ်းဖက်စစ်ကောင်စီကကြိုးစားနေသည်ဟုလည်း KNDFက အသိ ပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook