Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်တိုက်ဖျက်ရာတွင် ရက္ခိုင့်တပ်တော်က တော်လှန်ရေးအင်အားစုအားလုံးနှင့် လက်တွဲကြိုးပမ်းမည်ဟု ယုံကြည်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့

NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း ရက္ခိုင့်တပ်တော် ထူထောင်ခြင်း (၁၃) နှစ်မြောက် အထိမ်းအမှတ်နေ့သို့ သဝဏ်လွှာပေးပို့ခဲ့ပြီး ရခိုင်လူမျိုးများနှင့်အတူ ရက္ခိုင့်တပ်တော်၏ နိုင်ငံရေးရည်မှန်းချက်များ ပြီးမြောက် အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းထားသည်။

ပြည်ထောင်စုသားအားလုံး၏ ဘုံရန်သူဖြစ်သော ဖက်ဆစ်ဝါဒီများကို ဆန့်ကျင် တိုက်ဖျက်ရာတွင် ရက္ခိုင့်တပ်တော်သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အားလုံးနှင့် လက်တွဲကြိုးပမ်းလိမ့်မည်ဟု ယုံကြည်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ရက္ခိုင့်တပ်တော်တည်ထောင်ခြင်း(၁၃)နှစ်မြောက် အထိမ်းအမှတ်နေ့သို့ သဝဏ်လွှာ ပေးပို့ရာ တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ယင်းသို့ ဖော်ပြခြင်းဖြစ်ပြီး ရက္ခိုင်အမျိုးသားတို့၏ ကြီးမြတ်သောနိုင်ငံရေး မျှော်မှန်းချက်များလည်း ပြည့်ဝအောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းသည်။

အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အလို့ငှာ တပ်တော်တစ်ရပ်ကို တည်ထောင်ပြီး နောက် ရဲရင့်ထက်မြက်မှု၊ စွန့်လွှတ်ပေးဆပ်မှုများစွာဖြင့် တိုက်ပွဲဝင်လျက်ရှိသော ရက္ခိုင့်တပ်တော် ခေါင်းဆောင်များ၊ ရဲဘော်များအားလုံးကို လေးစားဂုဏ်ပြုကြောင်းလည်း သဝဏ်လွှာ၌ ဖော်ပြသည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း ရက္ခိုင့်တပ်တော် ထူထောင်ခြင်း (၁၃) နှစ်မြောက် အထိမ်းအမှတ်နေ့သို့ သဝဏ်လွှာပေးပို့ခဲ့ပြီး ရခိုင်လူမျိုးများနှင့်အတူ ရက္ခိုင့်တပ်တော်၏ နိုင်ငံရေးရည်မှန်းချက်များ ပြီးမြောက် အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကသာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ နစ်နာသူ ဖြစ်နေတာလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်လိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

Facebook