Connect with us

Hi, what are you looking for?

ဗီဒီယို

ယူကရိန်းကို ဥရောပ သမဂ္ဂ အဖွဲ့ဝင် ဖြစ်ခွင့်ပြုခြင်းဟာ ရုရှားကို တုံ့ပြန်ဖို့ အရေးအကြီးဆုံး ခြေလှမ်းတစ်ခုလို့ ဥရောပ ကော်မရှင် အကြီးအကဲဆို

ဇီလန်စကီးဟာ ရုရှားနဲ့ စစ်ဖြစ်နေချိန် အတောအတွင်းမှာပဲ ယူကရိန်းကို ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံအဖြစ် အလျင်အမြန် အသိအမှတ် ပြုပေးဖို့ တရားဝင် လျှောက်ထား တောင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ကိယက်ဗ်ကို ရောက်ရှိချိန်မှာတော့ ဗွန်ဒါလီယန်က ယူကရိန်းကို သမဂ္ဂ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုရေး လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ဇီလန်စကီးဆီ လွှဲပြောင်းပေးခဲ့ပါတယ်။

ယူကရိန်းကို ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံအဖြစ် အလျင်အမြန် လက်ခံပေးလိုက်ခြင်းဟာ ရုရှားရဲ့ နယ်ချဲ့ အုပ်စိုးလိုမှုကို တွန်းလှန်ဖို့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်လိမ့်မယ်လို့ ဥရောပ ကော်မရှင် အကြီးအကဲက ပြောကြားသွားခဲ့ပါတယ်။

ဥရောပ ကော်မရှင်ရဲ့ ဥက္ကဋ္ဌဖြစ်သူ အာဆူလာ ဗွန်ဒါလီယန်က လက်ရှိ အချိန်ကာလမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ်ဖို့ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေတဲ့ ယူကရိန်း စစ်သည်တွေရဲ့ အားထုတ်မှုဟာ အချည်းနှီး မဖြစ်သင့်ကြောင်း၊ ယူကရိန်းဟာ တစ်ချိန်ချိန်မှာ ရုရှားရဲ့ လောင်းရိပ်ကနေ လုံးဝ လွတ်မြောက်ပြီး လွတ်လွတ်လပ်လပ် ရပ်တည်ခွင့်ရဖို့ လိုအပ်ကြောင်း ဆိုပါတယ်။ ဗွန်ဒါလီယန်ဟာ မကြာသေးခင်ကမှ ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့တော်ကို ကိုယ်တိုင် သွားရောက်ပြီး သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

ဇီလန်စကီးဟာ ရုရှားနဲ့ စစ်ဖြစ်နေချိန် အတောအတွင်းမှာပဲ ယူကရိန်းကို ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံအဖြစ် အလျင်အမြန် အသိအမှတ် ပြုပေးဖို့ တရားဝင် လျှောက်ထား တောင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ကိယက်ဗ်ကို ရောက်ရှိချိန်မှာတော့ ဗွန်ဒါလီယန်က ယူကရိန်းကို သမဂ္ဂ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုရေး လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ဇီလန်စကီးဆီ လွှဲပြောင်းပေးခဲ့ပါတယ်။

ပုံမှန်ဆိုရင်တော့ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံဖြစ်ရေး အသိအမှတ်ပြု လုပ်ငန်းစဉ်တွေက တစ်နှစ်လောက် ကြာလေ့ရှိကြောင်း၊ ယူကရိန်းနဲ့ ပတ်သက်လို့တော့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခုကို အစပြုနိုင်ခဲ့ကြောင်း၊ ဇီလန်စကီးဆီ လွှဲပြောင်းပေးတဲ့ အသိအမှတ်ပြု စာရွက်တွေဟာ လုပ်ထုံးလုပ်နည်း ဆန်နေသေးတယ် ဆိုပေမယ့် ရှေ့ဆက်ဖို့ အရမ်းအရေးပါတဲ့ လုပ်ငန်းစဉ် တစ်ခုဖြစ်ကြောင်း ဗွန်ဒါလီယန်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဗွန်ဒါလီယန်က ဥရောပ သမဂ္ဂဟာ ပြည်ပကို ထွက်ပြေးပြီး စစ်ဘေးရှောင်လာတဲ့ ယူကရိန်းပြည်သူ ၄ သန်းလောက်ကို ကူညီ ထောက်ပံ့နိုင်ရေးအတွက် ဒေါ်လာ ၁၇ ဘီလီယံလောက် ကျခံ သုံးစွဲဖို့ လျာထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ စစ်ပွဲကြောင့် ယူကရိန်း ပြည်တွင်းမှာလည်း နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၆ သန်းခွဲလောက် ရှိနေပါသေးတယ်။

လတ်တလောမှာတော့ ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့တဲ့ ဖြစ်ရပ်အပြီး အရင်က ကြားနေဝါဒ ကျင့်သုံးခဲ့တဲ့ ဥရောပ နိုင်ငံတွေကပါ သမဂ္ဂ အဖွဲ့ဝင်အဖြစ် ပူးပေါင်းဖို့ စိုင်းပြင်းလာကြပါတယ်။ သတင်းတွေအရ စကန်ဒီနေးဗီးယန်း ဒေသတွင်း နိုင်ငံတွေ ဖြစ်ကြတဲ့ ဖင်လန်နဲ့ ဆွီဒင်တို့ဟာ အခုနွေရာသီမှာ ဥရောပ သမဂ္ဂကို ဝင်ရောက်ခွင့်ရရေး စတင် လုပ်ဆောင်လာဖွယ် ရှိနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆန်နဲ့ ဥရောပ လုံခြုံရေး အရာရှိတွေ နယ်စပ်ဖြတ်သန်းပြီး မကြာခင်မှာပဲ ယူကရိန်း-ပိုလန် နယ်စပ်မှာ ရထားတစ်စီးကို ရုရှားက တိုက်ခိုက်ခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

Facebook