“နန်းထိုက်အောင်” မြို့ပြစစ်ဆင်ရေးအဖြစ် မော်လမြိုင်မြို့ အမှတ်(၅၆၅) တပ်ထိန်းတပ်ကို ဖောက်ခွဲတိုက် ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း မြို့ပြစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
ယနေ့(ဧပြီ ၁၁ရက်) နံနက်၄နာရီ မိနစ် ၄၀ခန့်က မော်လမြိုင်မြို့နယ် ကျိုက္ခမီလမ်းမကြီးပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံအမှတ် (၅၆၅) တပ်ထိန်းတပ်ကို မော်လမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးပါ။ ဒဏ်ရာရတဲ့အရေအတွက်လည်း များနိုင်တယ်”ဟု မော်လမြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
မြို့ပြစစ်ဆင်ရေး “နန်းထိုက်အောင်”ကို ရန်ကုန်မြို့တွင် ဧပြီ၈ ရက် ကစတင်ခဲ့ပြီးနောက် ရက်ပိုင်းအတွင်း မင်္ဂလာဒုံ၊ အင်းစိန် ၊ ကမာရွတ်၊လမ်းမတော်၊ ကော့မှုး၊ တွံတေး၊ သုံးခွ၊ ရွှေပြည်သာနှင့်လှိုင်သာယာမြို့နယ် တို့တွင် ပစ်ခတ်ဖောက်ခွဲမှုများပြု လုပ်ခဲ့သည်။

Public Service Announcement
စစ်အာဏာရှင်တော်လှန်ရေးကို အမြစ်ပြတ်သည်အထိ တော်လှန်တိုက်ခိုက် နိုင်ရေးကို အရှိန်မြှင့်တင်ဆောင်ရွက်မည်ဖြစ်သည့်အတွက် ပြည်သူများ အနေဖြင့်ပူးပေါင်းဆောင်ရွက်ပေးရန်လည်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲ ရေးအဖွဲ့က တိုက်တွန်းထားသည်။


















































