Connect with us

Hi, what are you looking for?

News

မြောက်ဒဂုံနှင့် အရှေ့ဒဂုံမြို့နယ်တို့တွင် ပေါက်ကွဲမှုများဖြစ်၊ ပစ်ခတ်သံများ လည်းထွက်ပေါ်

” ၇/၈ လမ်းဆုံနားမှာ စခ ကားနှစ်စီး ပိတ်ထားတယ်။ပြီးတော့ မဝတလမ်းဆုံးကို ဘယ်ရီဂိတ်တွေတားပြီးတော့ ပေးမသွားတော့ဘူး”ဟု မျက်မြင်တွေ့ရှိခဲ့သည် ဒေသခံတစ်ဦးက ပြောသည်။

ရန်ကုန်တွင် လျှပ်စစ်မီးပြတ်တောက်နေ

ရန်ကုန်မြို့ မြောက်ဒဂုံနှင့်အရှေ့ဒဂုံမြို့နယ်တို့တွင် ငါးကြိမ်ထက်မနည်း ပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် ပစ်ခတ်မှုများလည်းရှိခဲ့သည်ဟု ဒေသခံများက People’s Springသို့ ပြောသည်။

ယနေ့(ဧပြီ ၁၁ရက်) ည ၇နာရီ ၁၀မိနစ်ကစ၍ မြောက်ဒဂုံနှင့် အရှေ့ဒဂုံမြို့နယ် အစပ် ပြည် ထောင်စုလမ်းမပေါ်၌ ပေါက်ကွဲမှုများဖြစ်ခဲ့သည်ဟု ဆိုသည်။

” ၇/၈ လမ်းဆုံနားမှာ စခ ကားနှစ်စီး ပိတ်ထားတယ်။ပြီးတော့ မဝတလမ်းဆုံးကို ဘယ်ရီဂိတ်တွေတားပြီးတော့ ပေးမသွားတော့ဘူး”ဟု မျက်မြင်တွေ့ရှိခဲ့သည် ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

အလားတူ ယနေ့ည ၈နာရီ ခွဲခန့်နှင့် ၉ နာရီ ၁၀မိနစ်ခန့်တွင်လည်း ပစ်ခတ်မှု ငါးကြိမ်ခန့် ကြားရသည်ဟုလည်း ၇/၈လမ်းဆုံအနီး နေထိုင်သူတစ်ဦးက ဆိုသည်။

ယနေ့ညတွင် မြောက်ဒဂုံနှင့် အရှေ့ဒဂုံမြို့နယ်များအပြင် ရန်ကုန်တစ်မြို့ လုံးနီးပါး လျှပ်စစ်မီးများ ပြတ်တောက်နေသည်။

မတ်လနောက်ဆုံးပတ်က မြောက်ဒဂုံမြို့နယ်ရှိ Denko ဆီဆိုင်နှင့် ၇/၈လမ်းဆုံအနီး ပြည် ထောင်စုလမ်းမပေါ်ရှိ KBZ ဘဏ်နှင့်ကပ်လျက် ATM စက်ကို ဖောက်ခွဲတိုက်ခိုက်မှုရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။