Connect with us

Hi, what are you looking for?

LuduNwayOo

News

မြောက်ဒဂုံနှင့် အရှေ့ဒဂုံမြို့နယ်တို့တွင် ပေါက်ကွဲမှုများဖြစ်၊ ပစ်ခတ်သံများ လည်းထွက်ပေါ်

” ၇/၈ လမ်းဆုံနားမှာ စခ ကားနှစ်စီး ပိတ်ထားတယ်။ပြီးတော့ မဝတလမ်းဆုံးကို ဘယ်ရီဂိတ်တွေတားပြီးတော့ ပေးမသွားတော့ဘူး”ဟု မျက်မြင်တွေ့ရှိခဲ့သည် ဒေသခံတစ်ဦးက ပြောသည်။

ရန်ကုန်တွင် လျှပ်စစ်မီးပြတ်တောက်နေ

ရန်ကုန်မြို့ မြောက်ဒဂုံနှင့်အရှေ့ဒဂုံမြို့နယ်တို့တွင် ငါးကြိမ်ထက်မနည်း ပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် ပစ်ခတ်မှုများလည်းရှိခဲ့သည်ဟု ဒေသခံများက People’s Springသို့ ပြောသည်။

ယနေ့(ဧပြီ ၁၁ရက်) ည ၇နာရီ ၁၀မိနစ်ကစ၍ မြောက်ဒဂုံနှင့် အရှေ့ဒဂုံမြို့နယ် အစပ် ပြည် ထောင်စုလမ်းမပေါ်၌ ပေါက်ကွဲမှုများဖြစ်ခဲ့သည်ဟု ဆိုသည်။

” ၇/၈ လမ်းဆုံနားမှာ စခ ကားနှစ်စီး ပိတ်ထားတယ်။ပြီးတော့ မဝတလမ်းဆုံးကို ဘယ်ရီဂိတ်တွေတားပြီးတော့ ပေးမသွားတော့ဘူး”ဟု မျက်မြင်တွေ့ရှိခဲ့သည် ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

အလားတူ ယနေ့ည ၈နာရီ ခွဲခန့်နှင့် ၉ နာရီ ၁၀မိနစ်ခန့်တွင်လည်း ပစ်ခတ်မှု ငါးကြိမ်ခန့် ကြားရသည်ဟုလည်း ၇/၈လမ်းဆုံအနီး နေထိုင်သူတစ်ဦးက ဆိုသည်။

ယနေ့ညတွင် မြောက်ဒဂုံနှင့် အရှေ့ဒဂုံမြို့နယ်များအပြင် ရန်ကုန်တစ်မြို့ လုံးနီးပါး လျှပ်စစ်မီးများ ပြတ်တောက်နေသည်။

မတ်လနောက်ဆုံးပတ်က မြောက်ဒဂုံမြို့နယ်ရှိ Denko ဆီဆိုင်နှင့် ၇/၈လမ်းဆုံအနီး ပြည် ထောင်စုလမ်းမပေါ်ရှိ KBZ ဘဏ်နှင့်ကပ်လျက် ATM စက်ကို ဖောက်ခွဲတိုက်ခိုက်မှုရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

အရိပ်တပ်သားများ အားလုံးသည် ပြည်သူတိုင်း လုံခြုံရေး၊ လွတ်လပ်စွာ နေထိုင်နိုင်ရေးနှင့် မတရားဖိနှိပ်ချုပ်ချယ်မှုများမှ လွတ်မြောက်ရေးအတွက် တော်လှန်ရေးအောင်မြင်သည်အထိ စစ်ကောင်စီကို ဆက် လက် ချေမှုန်းတိုက်ပွဲဝင်သွားမည်ဟု ထပ် လောင်း အသိပေးထားသည်။

သတင်း

စစ်ကောင်စီထောက်တိုင်များလည်း ပြည်သူများအား ဆက်လက် ဖိအားပေးနေပါက အရေးယူဆောင်ရွက်သွားမည်ဟု ​ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

သတင်း

ကံငယ်အုပ်စုအုပ်ချုပ်ရေးမှူး မျိုးမြင့်သိန်းဆိုသူကို ၎င်းနေထိုင်ရာ သာလှပင်စီရွာရှိနေအိမ် ၌ ရေချိုးနေစဥ် မတ်လ ၁၇ရက် ညနေ ၆ နာရီခန့်တွင် PPDF တပ်ခွဲ(၄)မှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

သတင်း

ဖေဖော်ဝါရီ ၂၂ ရက်ကလည်း နတ်မောက်နယ်၊ ကျော်ဆည်ရွာတွင် အင်အား ၃၀ခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်ကို နတ်မောက် (ပကဖ)နှင့် ပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ခဲ့သေးသည်။