Connect with us

Hi, what are you looking for?

News

ချောင်းဦး-ပခုက္ကူလမ်းဆုံတွင် ပြည်သူ့များအား ခြိမ်းခြောက်ငွေတောင်းနေသည့် စစ်ကောင်စီတပ်ကို ​ချောင်းဦး PDF တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ ချောင်းဦး-ပခုက္ကူလမ်းဆုံတွင် ခရီးသွားပြည်သူ့များအား ခြိမ်းခြောက်ငွေတောင်းနေသော အကြမ်းဖက်စစ်ကောင်စီတပ်များအား မိုင်းခွဲတိုက်ခိုက်ခဲ့​ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CHU PDFက သတင်းထုတ်ပြန် သည်။

​(ဧပြီလဆန်းပိုင်းက ချောင်းဦး-ပခုက္ကူလမ်းဆုံတွင် ခရီးသွားယာဥ့်များအား စစ်ဆေးနေသည်ကို တွေ့ရစဥ်။)

▪️ပျူစောထီးရွာကိုလ​ည်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ဟုဆို

ထို့အပြင် စစ်​ကောင်စီတပ်စွဲ​နေ​သော ပျူစောထီးရွာတစ်ရွာကိုလ​ည်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CHU PDF က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဧပြီ ၁၁ ရက် နံနက်ပိုင်းက ကင်မွန်းတော်ပျူစောထီးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးသောင်းကျန်းသူ စုစုပေါင်းအင်အား ၂၀ ခန့်သည် ရွာအပြင်သို့ထွက်လာရာ ချောင်းဦး PDF ရဲဘော်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများမှာ ပျူစောထီးတစ်ဦး၏ ရုပ်အလောင်းကိုဆွဲ၍ ကင်မွန်းတော်ရွာအတွင်းသို့ ပြန်လည်ထွက်ပြေးသွားခဲ့ကြကြောင်း၊ ဧပြီ ၁၂ ရက် နံနက်ပိုင်းတွင် ချောင်းဦး PDF ရဲဘော်များက စစ်​ကောင်စီတပ်စွဲ​နေ​သော ကင်မွန်းတော်ပျူစောထီးရွာအတွင်းသို့ ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်ခဲ့ပြီး ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း CHU PDFက သတင်းထုတ်ပြန်သည်။

“သူတို့ကရွာကို ဝင်တိုက်တာမဟုတ်ပါဘူး။ ရိက္ခာလိုအပ်ချက်ကြောင့် ဘေးကရွာတွေကိုဝင်စီးလုယက်ဖို့ထွက်လာတဲ့ စခ + ပျူ ပူးပေါင်းအဖွဲ့ပါ။ ကင်မွန်းတော်ကပျူစောထီးရွာဖြစ်သလို စစ်ကောင်စီကလည်း အဲဒီရွာမှာတပ်စွဲထားပါတယ်။”ဟု ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ယမန်နေ့နံနက်ပိုင်းတွင်ပင် ချောင်းဦး-ပခုက္ကူလမ်းခွဲ၌ ဖြတ်သန်းသွားလာနေသော ယာဥ်များကိုတားဆီး၍ ပိုက်ဆံတောင်းနေကြသော အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင်များကို ချောင်းဦး PDF အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း ၎င်းတို့က အသိပေးသည်။

အထက်ပါတိုက်ခိုက်မှုများတွင် ချောင်းဦးPDFရဲဘော်များ အထိအခိုက်မရှိ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းCHU PDF က အသိပေးသည်။

အထက်ပါဖြစ်စဥ်များနှင့်ပတ်သက်၍ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(CHU PDF) သို့ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ပြီးခဲ့သည့် ဧပြီ၈ ရက် နံနက် ၇ နာရီခန့်ကလည်း ကင်မွန်းတော်ပျူစောထီးရွာမှ ပျူစောထီးသောင်းကျန်းသူများသည် လက်နက်များကိုင်ဆောင်၍ ၎င်းတို့ရွာအတွင်းမှ ရွာပြင်သို့ထွက်ခွာလာရာ ချောင်းဦး PDF ရဲဘော်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကင်မွန်းတော်ရွာမှ ပျူစောထီးခေါင်းဆောင် ငဝင်း၏ သားဖြစ်သူ သေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာစစ်တပ်စစ်ကြောင်းအထိနာပြီး လက်နက်ခဲယမ်းတွေ ရတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ