Connect with us

Hi, what are you looking for?

LuduNwayOo

News

ပဲခူးတိုင်းPDFက စစ်ကောင်စီတပ်လှည့်ကင်းနှင့် စစ်ဆေးရေးဂိတ်တို့ကိုတိုက်ခိုက်၊စစ်သားသုံးဦးသေ၊ခုနစ်ဦးဒဏ်ရာရ

ပေါင်းတည်မြို့နယ်အတွင်း တိုက်ခိုက်မှုကို ဧပြီ ၁၃ ရက်နေ့ည ၇ နာရီခွဲတွင် ရန်ကုန် – ပြည်လမ်း ဝက်ပုတ်တံတားအဆင်းရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို မိုင်းဖောက်ခွဲတိုက် ခိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။

ပေါင်းတည်နှင့် နတ္တလင်းတို့တွင် ပဲခူးတိုင်း PDF တပ်ရင်းများမှ စစ်ကောင်စီတပ်၏ လှည့်ကင်းနှင့် စစ်ဆေးရေးဂိတ်တို့ကို တိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ထုတ်ပြန် သည်။

အဆိုပါတိုက်ခိုက်မှုများကို ဧပြီ ၁၃ ရက်နေ့ညပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပေါင်းတည်မြို့နှင့် အင်းမကြားတွင် တစ်ကြိမ်၊ နတ္တလင်းမြို့ ကျန်တောစုလမ်းဆုံအနီးတွင် တစ်ကြိမ် အသီးသီးတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပေါင်းတည်မြို့နယ်အတွင်း တိုက်ခိုက်မှုကို ဧပြီ ၁၃ ရက်နေ့ည ၇ နာရီခွဲတွင် ရန်ကုန် – ပြည်လမ်း ဝက်ပုတ်တံတားအဆင်းရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို မိုင်းဖောက်ခွဲတိုက် ခိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။

ယင်းတိုက်ခိုက်မှုကို ပြည်ခရိုင်PDFတပ်ရင်း (၁)တပ်ခွဲ(၁)မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးသည်။

Public Service Announcement

Public Service Announcement

အလားတူ နတ္တလင်းမြို့နယ်တွင်း တိုက်ခိုက်မှုကို ဧပြီ ၁၃ ရက်နေ့ည ၁၁ နာရီ ၄၅ ခန့်တွင် ကျန်တောစုလမ်းဆုံအနီး စစ်ကောင်စီတပ်၏ လှည့်ကင်းယာဥ် Probox ကားတစ်စီးနှင့် ဆိုင်ကယ်ရှစ်စီးကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင် စီတပ်မှ သုံးဦးသေဆုံးကာ ခုနစ်ဦးဒဏ်ရာရရှိသွားပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုကို သာယာဝတီခရိုင် PDF တပ်ရင်း(၁) တပ်ခွဲ(၁)မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။