Connect with us

Hi, what are you looking for?

News

ပဲခူးတိုင်းPDFက စစ်ကောင်စီတပ်လှည့်ကင်းနှင့် စစ်ဆေးရေးဂိတ်တို့ကိုတိုက်ခိုက်၊စစ်သားသုံးဦးသေ၊ခုနစ်ဦးဒဏ်ရာရ

ပေါင်းတည်မြို့နယ်အတွင်း တိုက်ခိုက်မှုကို ဧပြီ ၁၃ ရက်နေ့ည ၇ နာရီခွဲတွင် ရန်ကုန် – ပြည်လမ်း ဝက်ပုတ်တံတားအဆင်းရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို မိုင်းဖောက်ခွဲတိုက် ခိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။

ပေါင်းတည်နှင့် နတ္တလင်းတို့တွင် ပဲခူးတိုင်း PDF တပ်ရင်းများမှ စစ်ကောင်စီတပ်၏ လှည့်ကင်းနှင့် စစ်ဆေးရေးဂိတ်တို့ကို တိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ထုတ်ပြန် သည်။

အဆိုပါတိုက်ခိုက်မှုများကို ဧပြီ ၁၃ ရက်နေ့ညပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပေါင်းတည်မြို့နှင့် အင်းမကြားတွင် တစ်ကြိမ်၊ နတ္တလင်းမြို့ ကျန်တောစုလမ်းဆုံအနီးတွင် တစ်ကြိမ် အသီးသီးတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပေါင်းတည်မြို့နယ်အတွင်း တိုက်ခိုက်မှုကို ဧပြီ ၁၃ ရက်နေ့ည ၇ နာရီခွဲတွင် ရန်ကုန် – ပြည်လမ်း ဝက်ပုတ်တံတားအဆင်းရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို မိုင်းဖောက်ခွဲတိုက် ခိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။

ယင်းတိုက်ခိုက်မှုကို ပြည်ခရိုင်PDFတပ်ရင်း (၁)တပ်ခွဲ(၁)မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးသည်။

Public Service Announcement

Public Service Announcement

အလားတူ နတ္တလင်းမြို့နယ်တွင်း တိုက်ခိုက်မှုကို ဧပြီ ၁၃ ရက်နေ့ည ၁၁ နာရီ ၄၅ ခန့်တွင် ကျန်တောစုလမ်းဆုံအနီး စစ်ကောင်စီတပ်၏ လှည့်ကင်းယာဥ် Probox ကားတစ်စီးနှင့် ဆိုင်ကယ်ရှစ်စီးကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင် စီတပ်မှ သုံးဦးသေဆုံးကာ ခုနစ်ဦးဒဏ်ရာရရှိသွားပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုကို သာယာဝတီခရိုင် PDF တပ်ရင်း(၁) တပ်ခွဲ(၁)မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook