Connect with us

Hi, what are you looking for?

News

ပုလောမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ သေနတ်ဖြင့် ပစ်သတ်ခံရ

“ဘီယာဆိုင်ကအထွက်မှာ နားထင်ကိုတည်ပစ်သွားတာ။ သေနတ်ပစ်တဲ့စကေးကတော့ ရှယ်ပဲ”ဟု ပုလောမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ထောက်တိုင်၊ သတင်း​ပေးတစ်ဦးဖြစ်သောပုလောမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌကို သုတ်သင်လိုက်​ကြောင်း ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီနှင့် ပေါင်းသင်းနေ၍ မြို့ခံများက အမြင်မကြည်သည့် ပုလောမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးအောင်နေဇာလင်းသည် ဧပြီ၁၄ရက် ညနေတွင် အမျ်ိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်သည်။

“စစ်အုပ်ချုပ်ရေးယန္တရား၏ ​ထောက်တိုင်ဖြစ်သော လောက်ကောင်၊ဒလန်ကောင်၊ ပြည်သူ့သစ္စာဖောက်ကောင်အား ကျွန်ုပ်တို့ PRDF အဖွဲ့က ယမန်နေ့(ဧပြီ ၁၄ရက်)ညနေ သုံးနာရီခန့်တွင် သေနတ်ဖြင့် သုတ်သင်ရှင်းလင်းခဲ့သည်ဟု ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ PRDFက သတင်းထုတ်ပြန်သည်။

“ဘီယာဆိုင်ကအထွက်မှာ နားထင်ကိုတည်ပစ်သွားတာ။ သေနတ်ပစ်တဲ့စကေးကတော့ ရှယ်ပဲ”ဟု ပုလောမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဦးအောင်နေဇာလင်းအား ရှင်းလင်းခဲ့သည့် Mission တွင် ပါဝင်သူအားလုံး လွတ်မြောက်နယ်မြေသို့ရောက်ရှိပြီဟုလည်း PRDF က ယနေ့(ဧပြီ ၁၅ရက်) ထုတ်ပြန်ထားသည်။ ပစ်ခတ်ရှင်းလင်းပြီးပြီးချင်း သတင်းမထုတ်ပြန်ဘဲ ပြည်သူ့ကာကွယ်ရေးရဲဘော်များ လုံခြံသည့်နေရာရောက်မှသာ PRDF က သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဒုရဲမှူးတစ်ဦးကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ ရေဦးမြို့အဝင်က စစ်ကောင်စီရဲ့ကြာပန်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေ ပုလော (လယ်မူလား)မြို့နယ်မှာ အာဏာသိမ်းစစ်တပ် လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၂ဦး သေဆုံးခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ဖားကန့်၊လုံးခင်းကျေးရွာအုပ်စုထဲမှာတိုက်ပွဲဖြစ်ပွားနေချိန် ပိတ်မိနေတဲ့အရပ်သားတွေထဲက ၂ ဦးကို အာဏာသိမ်းစစ်တပ်ကပစ်သတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ထနောင်းတောကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံလူငယ် ၂ဦးကို ပစ်သတ်ကာ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။