Connect with us

Hi, what are you looking for?

News

ကျိုက်မရောမှာ လုံခြုံရေးဂိတ်တိုက်ခိုက်ခံရပြီး BGF ၅ ဦးသေဆုံး

အဲဒီတိုက်ခိုက်မှုကြောင့် BGF တပ်ဖွဲ့ဝင် ငါးဦးသေဆုံးသွားခဲ့ကာ လက်နက်အချို့ကို သိမ်းဆည်းရမိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတံတားရဲကင်းမှာ လုံခြုံရေးယူနေတဲ့ နယ်ခြားစောင့်တပ် BGF ဂိတ်စခန်းပစ်ခတ်ခံခဲ့ရပြီး BGF တပ်ဖွဲ့ဝင် ငါးဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီကနေ့ မနက်အစောပိုင်းက ချောင်းနှစ်ခွ(အတ္ထရံတံတား)မှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က တံတားမှာရှိတဲ့ ဂိတ်စခန်းကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် BGF တပ်ဖွဲ့ဝင် ငါးဦးသေဆုံးသွားခဲ့ကာ လက်နက်အချို့ကို သိမ်းဆည်းရမိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

လက်ရှိမှာတော့ ချောင်းနှစ်ခွတံတားကို စစ်ကောင်စီက ပိတ်ထားလျက်ရှိနေတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ချောင်းနှစ်ခွတံတားဟာ ပြီးခဲ့တဲ့ မတ်လပိုင်းကလည်း လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က တံတားရဲကင်းဂိတ်ကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးတာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးသွားခဲ့ကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

နိုင်ငံတကာ

ကျူးဘားနိုင်ငံဟာ အမေရိကန်အတွက် အမျိုးသား လုံခြုံရေး ခြိမ်းခြောက်မှု တစ်ခု ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။ သူက ကျူးဘားနဲ့ အမေရိကန်ကြားမှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်း သဘောတူညီမှုတွေ ရယူနိုင်ဖို့ ဆိုတာက ဖြစ်နိုင်ခြေ နည်းလွန်းတယ်လို့လည်း ဆိုပါတယ်။