Connect with us

Hi, what are you looking for?

News

ထီးချိုင့်တွင် PDFများတိုက်ခိုက်၍ စစ်​ကောင်စီတပ်သား သုံးဦး​သေ

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နှင့် ကရင်နီပြည်နယ် ဖရူဆိုမြို့၏ ယနေ့(ဧပြီ ၁၇ရက်)နံနက်ပိုင်းအခြေအနေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

(ကရင်နီပြည်နယ်တွင် စစ်ကောင်စီက လူနေရပ်ကွက်အတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပျက်စီးသွားသည့် အ​ခြေအ​နေကို မြင်​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

▪️ဖရူဆိုမြို့နယ်ရှိ ကျေးရွာကို စစ်​ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ်မှ သုံးဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ခဲ့ပြီး ကရင်နီပြည်နယ် ဖရူဆိုမြို့တွင် လူနေရပ်ကွက်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နှင့် ကရင်နီပြည်နယ် ဖရူဆိုမြို့၏ ယနေ့(ဧပြီ ၁၇ရက်)နံနက်ပိုင်းအခြေအနေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

ထီးချိုင့်မြို့နှင့် မြတောင်ကို ချိတ်ဆက်ထားသည့် ဧရာဝတီမြစ်ကူးတံတားပေါ် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့(ဧပြီ၁၇) နံနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သုံးဦးသေဆုံးသွားသည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထီးချိုင့်တွင် ယခုရက်ပိုင်း တိုက်ပွဲ ငြိမ်သက်နေစဥ်အလစ်အငိုက် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က အရပ်းသားများအား စစ်ဆေးမှုတင်းကြပ်နေသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် တိုက်ပွဲများ ပြင်းထန်နေသည့် ကရင်နီဒေသတွင် ဖရူဆိုမြို့နယ်၊ လောထောတနောကျေးရွာဘက်သို့ ယနေ့ နံနက်အစောပိုင်း ၃နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီက လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။

ဘုန်းကြီးကျောင်းအပါအဝင်၊ပြည်သူ့အိုးအိမ်တစ်ချို့ ထိခိုက်ပျက်စီးခဲ့ပြီး ရွာခံအမျိုးသမီးတစ်ဦး လက်နက်ကြီးစ ထိမှန်ခဲ့သည်ဟု ကရင်နီအမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNDF)က ထုတ်ပြန် သည်။

ကရင်နီပြည်တွင်း၌ တိုက်ပွဲများ နေ့စဉ်ရက်ဆက်ဖြစ်ပွား‌ နေသလို အကြမ်းဖက်စစ်​ကောင်စီဘက်မှ ပြည်သူ့အသက်၊အိုးအိမ်ကို မငဲ့ကွက်ဘဲ စစ်ရာဇဝတ်များ ပြောင်ပြောင်တင်းတင်းကျူးလွန်လျက် ရှိနေသည်ဟုKNDFက ဆက်လက်ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook